ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်း

 

ရန်ကုန်    စက်တင်ဘာ  ၄


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်   ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား  တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်   အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ဆီ   ဆက်ကပ် လှူဒါန်းခြင်းကို   မရမ်းကုန်းမြို့နယ်   နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ရန်ကုန်နှင့်​ အင်းစိန် မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတို့တွင် စက်တင်ဘာ ၃ ရက်က ကျင်းပသည်။


အခမ်းအနားတွင်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးလှစိုးနှင့်အဖွဲ့သည်    နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်  (ရန်ကုန်)   မိုးကုတ် ဆွမ်းစားဆောင်တွင် အနောက်ပိုင်းခရိုင်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေနှင့် သီလရှင် များအတွက် ဆွမ်းဆန်တော် (၂၄)ပြည်  ဆန်အိတ် ၁၁၀၂ အိတ် ရှစ်ပြည်နှင့် မြေပဲဆီ ၁၆၅၃ ပိဿာ ၅၀ ကျပ်သားတို့ကို   နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ကုမာရဆရာတော်နှင့် သံဃာတော်များထံ  ဆက်ကပ် လှူဒါန်းခဲ့ပြီး   လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ရန်ကုန်မြောက်ပိုင်းခရိုင်   အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေနှင့်သီလရှင် များအတွက် ဆွမ်းဆန်တော် ၂၄ ပြည်  ဆန်အိတ် ၅၂၁၄ အိတ်နှင့်မြေပဲဆီ ၇၈၂၂ ပိဿာတို့ကို အင်းစိန် မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ပဓာနနာယက အ ဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော်  ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရနှင့် ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်း မှုများအတွက် အနုမောဒနာရေစက်ချတရား နာကြား သည်။


ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နေဆဲကာလတွင် သာသနာ့တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဆရာတော်၊  သံဃာတော်များ   ဆွမ်းကိစ္စများ ကြောင့်ကြမှုမရှိစေရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အလှူရှင်များက လှူဒါန်းလျက်ရှိရာ  တိုင်း ဒေသကြီးအတွင်းရှိ  ကျောင်းတိုက်များမှ  ရဟန်း၊ သာမဏေစုစုပေါင်း ၂၀၉၂၈ပါး၊ သီလရှင် ၈၂၉၄ ပါး တို့အတွက် သံဃာတော်တစ်ပါးလျှင် ဆန် ရှစ်ပြည်၊ မြေပဲဆီသန့်  ၅၀ ကျပ်သားနှုန်းဖြင့် ဆွမ်းဆန်တော် ၂၄ ပြည် ဆန်အိတ်ပေါင်း ၉၇၄၀ နှင့်  ၁၆ ပြည်၊ မြေပဲဆီသန့် ၁၄၆၁၁ ပိဿာ စုစုပေါင်းငွေကျပ် ၄၂၉၅၆၃၄၀၀  တန်ဖိုးရှိသော ဆွမ်းဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန် /ဆက်)