ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ စျေးများ၌ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများ လှည့်လည်ရောင်းချပေးနေ

 

ရန်ကုန်   စက်တင်ဘာ   ၃၀


မြန်မာနိုင်ငံ      ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ       အသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံး ဆီများကို ပြည်သူများသက်သာ ချောင်ချိသော       စျေးနှုန်းဖြင့်  ဝယ်ယူနိုင်ရေး စျေးကားများဖြင့် စက်တင်ဘာ ၃၀ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး   တောင် ဥက္ကလာမြို့နယ်ရှိ      နန္ဒဝန်စျေး၊ အင်းစိန်မြို့နယ်ရှိ   ဘိုကုန်းစျေး၊ မြောက်ဥက္ကလာမြို့နယ်ရှိ မေဝါဒီ စျေးတို့တွင်     စားသုံးဆီများကို အများပြည်သူများအား      စျေး သက်သက်သာသာဖြင့် လှည့်လည် ရောင်းချခဲ့သည်။


“လက်ရှိကာလမှာ   ဒေါ်လာ စျေးတွေက     ကမောက်ကမဖြစ် တယ်၊စျေးတက်တယ်၊  ဒါပေမယ့်  အခြေခံလူတန်းစားတွေမှာ ဝင်ငွေ  အခက်အခဲတွေ အများကြီးရှိတယ်၊  ဒါကြောင့်       လက်ရှိတက်နေတဲ့ အခြေအနေမျိုးမှာ ၁၇၅၀ စျေးနှုန်း နဲ့   ဆီတင်သွင်းတဲ့   ကုမ္ပဏီတွေ အကုန်လုံးကို ရောင်းချပေးတယ်။  ရောင်းချလို့ရတဲ့ ဆီတွေအကုန်လုံး ကို    ပထမအနေနဲ့     လက်လီ၊ လက်ကား            ရောင်းချတယ်၊ ညောင်ပင်လေးစျေးတို့၊    ဘုရင့် နောင်တို့မှာရှိတဲ့    ကုန်သည်တွေ ဆီခွဲပြီး    ရောင်းချပေးပါတယ်။ စျေးကားစနစ်ရဲ့ သဘောသဘာဝ က     သက်ဆိုင်ရာမြို့နယ်တွေ အကုန်လုံးကို   သွားပြီးတော့မှ သက်ဆိုင်ရာ   စျေး‌တွေ၊   စျေးနဲ့ နီးတဲ့ လူစည်ကားတဲ့ နေရာတွေ မှာ ရောင်းချပေးတာဖြစ်ပါတယ်” ဟု   မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ       အသင်းမှ အလုပ်အမှုဆောင်၊  ရန်ကုန်တိုင်း ဒေသကြီး      ဆီလုပ်ငန်းရှင်များ အသင်း   ဒုတိယဥက္ကဋ္ဌ    ဦးရဲသူ အောင်က ပြောသည်။


မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ       အသင်း အနေဖြင့်    စားသုံးဆီ  ဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားအုန်း ဆီ    တစ်ပိဿာလျှင်     ငွေကျပ်  ၃၈၀၀    နှုန်းဖြင့်    ရောင်းချပေး လျက်ရှိကြောင်း သိရသည်။


ဈေးကွက်အတွင်း စားသုံးဆီ များ         ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး နှင့်  စားသုံးသူများ သင့်တင့်မျှတ သည့်   ဈေးနှုန်းဖြင့်   ဝယ်ယူရရှိ စေရေးတို့အတွက်   ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။


လက်ရှိကာလအတွင်း နိုင်ငံ ခြား  ငွေလဲနှုန်းမြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ    အဆ မတန်မြင့်တက်မှု            မရှိစေရေး အတွက် မြန်မာနိုင်ငံတော်  ဗဟို ဘဏ်မှ စားသုံးဆီတင်သွင်းသည့်  ကုမ္ပဏီများသို့ တိုက်ရိုက်ရောင်းချ ပေးခဲ့သည့်      နိုင်ငံခြားငွေနှင့် ညီမျှသည့်     စားအုန်းဆီများကို လက်ကားဈေးနှုန်းဖြင့် ရောင်းချ  ပေးမည်ဖြစ်ကြောင်း သိရသည်။       


ရန်ကုန်မြို့အတွင်းရှိ   စားသုံး သူများအတွက်  အသင်း၏  အစီ အစဉ်ဖြင့် ရပ်ကွက်များသို့ ငါးရက် အတွင်း    စားသုံးဆီပိဿာချိန် ၆၀၀၀    ခန့်    ဈေးကားများဖြင့် လှည့်လည်           ရောင်းချခဲ့ပြီးဖြစ် ကြောင်း သိရသည်။


အာကာစိုး၊ ဓာတ်ပုံ-တင်စိုး