ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ လာမည့်ဩဂုတ်လဆန်းပိုင်းတွင် စတင်နိုင်ရေးစီစဉ်ဆောင်ရွက်

 

ရန်ကုန်    ဇူလိုင်   ၃၀


နိုင်ငံတော်            စီမံအုပ်ချုပ်ရေး ကောင်စီ၏       လမ်းညွှန်မှု၊   ကျန်းမာရေးနှင့်            အားကစား              ဝန်ကြီးဌာန၏           ဦးဆောင်     ကြီးကြပ်မှုဖြင့်          နိုင်ငံတစ်ဝန်း      လတ်တလော ဖြစ်ပေါ်နေသော   ကိုဗစ်-၁၉ ရောဂါ     ကာကွယ် ဆေးထိုးနှံမှု  လုပ်ငန်းစဉ်များကို  တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးတွင် ဆောင်ရွက်လျက် ရှိရာ     ရန်ကုန်တိုင်းဒေသကြီး     အနေဖြင့် လာမည့်ဩဂုတ်လဆန်း ပိုင်းတွင် စတင် ထိုးနှံပေးနိုင်ရေး   စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး         ကျန်းမာရေးမှူး ရုံးမှ သိရသည်။ 
“ကိုဗစ်-၁၉ ရောဂါ တတိယ အကျော့မှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း    ကာကွယ်ဆေးထိုး နှံပေးမယ့်အစီအစဉ်ကို     လုပ်ငန်း စဉ်အလိုက်   စီစဉ်ဆောင်ရွက်နေ ပါတယ်။  ကနဦးအနေနဲ့  ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ   အင်းစိန်အကျဉ်း ထောင်အတွင်းက    အချုပ်သား၊ အကျဉ်းသားတွေကို       စပြီး  ထိုးနှံပေးနေပါပြီ။   ကျန်တဲ့အပိုင်း အလိုက်ကိုလည်း သက်ဆိုင်ရာ     မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွေက    စာရင်းပြုစုနေ ပါတယ်။          စာရင်းပြုစုပြီးတာနဲ့ သတ်မှတ်ချမှတ်ထားတဲ့  ကဏ္ဍ အလိုက်  ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းတွေကို    စတင်ဆောင်ရွက် သွားမှာပါ။    ကာကွယ်ဆေးတွေ ကတော့    အခု  ကျွန်တော်တို့ဆီကို ရောက်ရှိနေပါပြီ။  ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ အတတ်နိုင်ဆုံး တော့      အစောဆုံးဖြစ်အောင် ထိုးနှံပေးသွားမှာပါ။     လာမယ့် ဩဂုတ်လဆန်းပိုင်းလောက်ကို    ကာကွယ်ဆေးထိုးနှံမှု   လုပ်ငန်း တွေ စတင်နိုင်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်”ဟု    တိုင်းဒေသကြီး   ပြည်သူ့ကျန်းမာရေး          ဦးစီးမှူး  ဒေါက်တာ   ထွန်းမင်းက   ပြော သည်။   
လတ်တလော   ဖြစ်ပေါ်နေ သော  ကိုဗစ်- ၁၉ ရောဂါ တတိယ အကျော့နှင့်ပတ်သက်၍  ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်     ကူးစက် ပျံ့နှံ့မှုလျော့နည်းရေး      နိုင်ငံ တစ်ဝန်း ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို          အချိန်နှင့် တစ်ပြေးညီ  ဆောင်ရွက်ရာတွင်    ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်  ကနဦး   ဦးစားပေးမှာ  အသက် ၆၅ နှစ်နှင့်အထက်  အရွယ်များကို လည်းကောင်း၊   ကျန်းမာရေး ဝန်ကြီးဌာနက    ယခင်ဆေးမထိုးရ သေးသော        ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို   လည်းကောင်း၊  ပုဂ္ဂလိက   ကျန်းမာရေးဝန်ထမ်း များကိုလည်းကောင်း၊ ကိုဗစ်- ၁၉ ရောဂါကုသရေး    စင်တာများ တွင်           တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းများ၌    ပူးပေါင်းပါဝင် ဆောင်ရွက်နေသော  စေတနာ့ ဝန်ထမ်းများကို လည်းကောင်း၊  နိုင်ငံ့ဝန်ထမ်းများထဲမှ  ယခင် အကြိမ်   အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေး မထိုးနှံ ရသေးသောသူများကို      လည်း ကောင်း  ကဏ္ဍအလိုက် ဦးစားပေး စတင်ထိုးနှံပေးရန်       စီစဉ် ဆောင်ရွက်လျက်        ရှိသည်။      လတ်တလောတွင်   အထွေထွေ အုပ်ချုပ်ရေး         ဦးစီးဌာနများမှ   မြို့နယ်အလိုက် စာရင်းများပြုစု လျက်ရှိပြီး အဆင်သင့်ဖြစ်ပါက   တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအနေဖြင့်  သတ်မှတ်ခွဲတမ်း များချမှတ်ကာ    ကာကွယ်ဆေး          ထိုးနှံမည့်              လုပ်ငန်းများကို      ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ 
ယခု       စတင်ထိုးနှံပေးမည့် ကိုဗစ်-၁၉   ရောဂါ  ကာကွယ်  ဆေးထိုးနှံမှုသည်  ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌      ဒုတိယ အကြိမ်ဖြစ်ပြီး  ယခင်ပြီးခဲ့သော နှစ်ဆန်းပိုင်းကလည်း    ကာကွယ် ဆေးထိုးနှံပေးမှု လုပ်ငန်းများကို ပထမအကြိမ်  ထိုးနှံပေးနိုင်ခဲ့ သည်။    ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုအကြိမ်  ထိုးနှံပေး မည့် ကိုဗစ်-၁၉ ရောဂါ    ကာကွယ် ဆေးမှာ       ဆီနိုဖမ်းဖြစ်ပြီး       ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လတ်တလော    ခွဲတမ်းလျာထား ချက်မှာ သုံးသိန်းကျော်    လျာထား ကြောင်း  သိရသည်။
ရန်ကုန်တိုင်း      ဒေသကြီး အတွင်း၌ လတ်တလောဖြစ်ပေါ် နေသော   ကိုဗစ်-၁၉ ရောဂါ  တတိယအကျော့    ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဇူလိုင်  ၂၇  ရက်အထိ ပိုးတွေ့လူနာအဖြစ်  တက်ရောက် ကုသမှုခံယူနေသည်မှာ   ဆေးရုံ များနှင့်     ကုသရေးစင်တာ   စုစု ပေါင်း ၅၁ ခုတွင် ရဟန်း၊ သံဃာ၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း မှာ ၄၅၀၀ ကျော်ရှိကာ ၎င်းတို့ကို ဆေးကုသမှု       ပေးလျက်ရှိ ကြောင်း သိရသည်။    

 

သတင်း- မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ