ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျဖြစ်စေရေး ဆွေးနွေး

 

ရန်ကုန်   မတ်  ၃


ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း       စနစ်တကျ ဖြစ်စေရေး  ညှိနှိုင်းဆွေးနွေးခြင်း ကို မတ် ၂  ရက်က တိုင်းဒေသကြီး   အစိုးရအဖွဲ့ရုံး      အစည်းအဝေး ခန်းမ၌   ပြုလုပ်သည်။

 


ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်     ဦးစိုးသိန်းက          ရန်ကုန်တိုင်းဒေသကြီးကို စီးပွား ရေးဖွံ့ဖြိုးတိုးတက်ပြီး  ကျန်းမာ သန်စွမ်း၍     စိမ်းလန်းသာယာ သန့်ရှင်းလှပသော၊   စည်းကမ်း ပြည့်ဝလုံခြုံသည့်      တိုင်းဒေသ ကြီးဖြစ်ရန်   ရည်မှန်းချက်ထား     ဆောင်ရွက်လျက်ရှိရာ      ယာဉ် အန္တရာယ်၊     လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေ ရန်  ထိန်းသိမ်းကြီးကြပ်ရေးသည် ဦးစားပေး     လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခု    ဖြစ်ကြောင်း သို့ဖြစ်၍   စည်းကမ်းဖောက်ဖျက် မှုများကို  တရားဥပဒေနှင့်အညီ အရေးယူမည့်   အစီအစဉ်များ၊ စည်းကမ်း     လိုက်နာစေရေး အတွက် ပညာပေးအစီအစဉ်များ နှင့်     အကောင်းဆုံးဆောင်ရွက် နိုင်မည့် နည်းလမ်းများကို အစည်း အဝေး   တက်ရောက်လာကြသူ များက ဝိုင်းဝန်းဆွေး နွေးတင်ပြ ပေးကြရန်                ပြောကြားပြီး  တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက အမှာ စကားပြောကြားသည်။

 


ဆက်လက်၍     တိုင်းဒေသ ကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး   ဝင်းတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ    အမှတ်(၂)  ယာဉ်ထိန်း     ရဲတပ်ဖွဲ့ခွဲမှူးရုံး   (ရန်ကုန်)မှ   ဒုတိယ  ရဲမှူးကြီး သန်းမြင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက တိုင်းဒေသ ကြီးအတွင်း     ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်     ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ      စနစ်တကျဖြစ်စေရေး   ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ကြသည်။

 


ထို့နောက် တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူ များက  ယာဉ်အန္တရာယ်၊  လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ် စည်းကမ်း ၊ လမ်းစည်းကမ်း စနစ် တကျဖြစ်စေရန် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည့်  အစီအစဉ်များ နှင့်   လုပ်ငန်းများကို     တာဝန်ယူ၊ တာဝန်ခံ    ဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက်    ဌာနဆိုင်ရာများ နှင့်   ကျွမ်းကျင်သူပညာရှင်များ ပါဝင်သောအဖွဲ့များ၊   လုံခြုံရေး အဖွဲ့များ  ဖွဲ့စည်းဆောင်ရွက်ကြရန်ဆွေးနွေးတင်ပြကြပြီး  တိုင်း ဒေသကြီးဝန်ကြီးများက လုပ်ငန်း ကဏ္ဍအလိုက်  အကြံပြုဆွေးနွေး ကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က   အများပြည်သူ တို့အနေဖြင့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း     လိုက်နာတတ် သည့်    အမူအကျင့်ရသည်အထိ ပညာပေး                 ဆောင်ရွက်ရန်၊ မော်တော်ယာဉ်နှင့်    လမ်းများ ကြောင့်  ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး  ဆောင်ရွက်ရန်၊  စည်းကမ်းပျက်  မော်တော်ယာဉ် များအား   ဖမ်းဆီးအရေးယူခြင်း များ​ရှိသော်လည်း    စည်းကမ်း ဖောက်ဖျက်သောယာဉ်များ ပိုမို များပြားလာမှုမရှိစေရေး၊  ကျူး လွန်သူနှင့် ပျက်ကွက်သူများအား ထိရောက်ပြစ်ဒဏ်များ  ချမှတ်၍  အရေးယူ   ဆောင်ရွက်သွားရန်၊ ယာဉ်ထိန်း         ရဲတပ်ဖွဲ့ဝင်များ၊       မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များနှင့်   လုပ်ငန်းကဏ္ဍအလိုက်         ဌာန ဆိုင်များပါဝင်သော      အဖွဲ့များ ဖွဲ့စည်း     ဆောင်ရွက်သွားရေး တာဝန်ရှိသူ            အဆင့်ဆင့်က  ကြီးကြပ်     ဆောင်ရွက်သွားရန်နှင့်  ရန်ကုန်တိုင်းဒေသကြီး  အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်   ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း  စနစ်တကျရှိစေ ရေး     အားလုံးပူးပေါင်းပါဝင်   ဆောင်ရွက်ပေးကြရန်   နိဂုံးချုပ် ပြောကြားကြောင်း  သိရသည်။


    ဆန်းကျော်ဦး
(ပြန် /ဆက်)