
နေပြည်တော် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာ တာဝန် ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးနှင့် တာဝန်ရှိသူများ၊ ထူးချွန်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် ထူးချွန်ရဲတပ်ဖွဲ့ဝင် ၅၀ တို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့် သည့် ငွေကျပ်သိန်း ၅၀ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်သိန်း ၂၀ တို့ကို ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ကြရာ ထူးချွန် ရဲတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်