
ရန်ကုန် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် နှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက်အား အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း တစ်အိမ် တက် တစ်အိမ်ဆင်း ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးမည့် ယခုအစီ အစဉ်သည် ဥပဒေနှင့်အညီ ခိုင်လုံ သည့် အထောက်အထားတစ်ခု ကို ရရှိကိုင်ဆောင်နိုင်မည့် အခွင့် အရေးဖြစ်ကြောင်း၊ လူမှုဘဝ ဆောင်ရွက်ချက်တိုင်းတွင် မရှိ မဖြစ်လိုအပ်သည်ကို ပြည်သူများ နားလည်သိရှိပြီး ပူးပေါင်းပါဝင် လာစေရေးအတွက် တိကျမှန်ကန် သော အချက်အလက်များကို စနစ်တကျ ကွင်းဆင်းကောက်ယူ ပြီး လွယ်ကူလျင်မြန်စွာ ဆောင် ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ မှ ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်း သိန်းက ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များနှင့် မြို့နယ် အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် Mandalay Tech-nology Co, Ltd မှ Arc GIS System ဖြင့် ပန်းခင်းစီမံချက်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ပြီး တက်ရောက်လာကြသူများက ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ သည်။
ယင်းနောက် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)