ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   ဇွန်   ၂၆


ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ်  ၂၃၀  ကေဗွီ    ပင်မ ဓာတ်အားခွဲရုံများ၏   ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှုတို့နှင့်  စပ်လျဉ်းသည့်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဓာတ်အားခွဲရုံများ အခန်းကဏ္ဍ


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က   ရန်ကုန်တိုင်းဒေသကြီး၏   လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း  တိုးတက်နေ သည့်အတွက် အဆိုပါ ဓာတ်အားတိုးတက်သုံးစွဲမှု များကို  ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဓာတ်အား ထုတ်လုပ်မှုပိုင်းအပြင်   ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အား သုံးစွဲမှုတိုးမြင့်လာသည်နှင့်အမျှ    ဓာတ်အားခွဲရုံ များ၏  အခန်းကဏ္ဍသည်လည်း    အရေးကြီးပါ ကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဓာတ်အား ခွဲရုံများနှင့်  ဓာတ်အားလိုင်းများ   အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ဝန်အားပြည့် နေသော ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု   လျော့နည်း ကျဆင်းစေရေး၊   လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့်  ဓာတ်အားစနစ်   တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် အလေးအနက် ထား  ဆောင်ရွက်ကြစေလိုပါကြောင်း   ပြောကြား သည်။


ရှင်းလင်းတင်ပြ


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံများ နှင့် သက်ဆိုင်သော အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ  လျှပ်စစ်ဓာတ်အား   ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရက      ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက      လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 


သတင်းစဉ်