
နေပြည်တော် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမများပေါ်တွင် ဆူပူအကြမ်း ဖက်ဆန္ဒပြ လူစုလူဝေးများက ပိတ်ဆို့ထားရှိသည့် အတားအဆီး များအား လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းသာယာရေးကို လိုလား ကြသည့် ပြည်သူလူထုများ၏ တောင်းဆိုမှုအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်း များနှင့်ပူးပေါင်း၍ အတားအဆီး များအား ဖယ်ရှားရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် အခြား မြို့နယ်များအတွင်းရှိ အများ ပြည်သူ၏ လမ်းပန်းဆက်သွယ် သွားလာမှုများကို ထိခိုက်စေရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ ယာဉ်များ သွားလာ၍ မရစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံ ရေး ဆောင်ရွက်မှုများကို အနှောင့် အယှက်ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လမ်းမများ ပေါ်၌ တာယာကွင်းများ၊ သဲအိတ် များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုး များ၊ သံချောင်းများ စသည့် ပစ္စည်းမျိုးစုံတို့ကို အသုံးပြုကာ လမ်းပိတ်ဆို့ ထားရှိမှုများအား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေးကို လိုလားကြသည့် ပြည်သူလူထုများ၏ တောင်းဆိုမှု အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ မိမိ သဘောဆန္ဒဖြင့် ပူးပေါင်းပါဝင် လာကြသည့် ဒေသခံပြည်သူများ နှင့် ပူးပေါင်း၍ လမ်းမများပေါ်၌ ပိတ်ဆို့ထားသည့် အတားအဆီး များအား ယာဉ်/ ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင် ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်နေမှု များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ် ကြီး သန်းလှိုင်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်