ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သားငါးများကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ  ၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏    ဆေးဝါးလိုအပ်ချက်   ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ  လွယ်လင့်တကူဝယ်ယူနိုင် ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ  ရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာ အဖြစ်   ပန်းဘဲတန်းမြို့နယ်   ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ   မြန်မာအပြည်ပြည် ဆိုင်ရာ    ကုန်သွယ်မှုဗဟိုဌာနအဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား  ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့ တွင်  ဆေးနှင့်ဆေးပစ္စည်း   ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး  ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ  ပထမအစီအစဉ်အဖြစ်   ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း  လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၄ ရက် မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး    ယနေ့တွင်  ငွေကျပ် လေးသိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင် ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း  ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်