
နေပြည်တော် ဩဂုတ် ၃၁
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွား နေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေး နိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့်ဈေးနှုန်း မှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၆ ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးကို ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၁ သိန်း ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်း များကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံ မြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေး ရပ်ကွက် အမှတ်(၁၀၄/၁၀၈) နေရာ၌ လည်း ၁၂ ရက်မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် လေးသိန်းကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်