ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သားငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဩဂုတ်  ၂၇


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်   ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏   ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ    လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း   မှန်ကန်စွာရရှိစေရေး အတွက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း၏   စီစဉ် မှုဖြင့်  ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ်၊  ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန  အဆောက်အအုံ၌  အိမ်သုံးဆေးဝါးများ   လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို  ယနေ့တွင် ဆောင်ရွက်ခဲ့ရာ  ဆေးနှင့် ဆေးပစ္စည်း  ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၉ ခုမှ  အိမ်သုံးဆေးဝါး ၁၇၀အား  ရောင်းချပေးလျက်ရှိပြီး ငွေကျပ်၆၇ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊  ကမ်းနားလမ်း၊  လွတ်လပ်ရေးရပ်ကွက်၊  အမှတ်(၁၀၄/ ၁၀၈)နေရာ၌လည်း ဒသမမြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေး လျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၃၃ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်