
နေပြည်တော် ဩဂုတ် ၂၆
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေ သည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေး နှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီ အစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၈ ခုမှ အိမ်သုံးဆေးဝါး ၁၆၄ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၇၈ သိန်းကျော် တန်ဖိုးရှိဆေးနှင့် ဆေးပစ္စည်းများကို ရောင်းချ ခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈)နေရာ၌လည်း နဝမ မြောက်နေ့ အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရွေ့လျား ဈေးကားဖြင့် သားငါးများ ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်