
နေပြည်တော် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်း၏ စီစဉ်မှုဖြင့် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ၌ဒုတိယ အစီအစဉ်အဖြစ် အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့ တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သောကုမ္ပဏီ ၂၀ မှ အိမ်သုံးဆေးဝါး ၁၇၉ မျိုးကို ရောင်းချပေးလျက် ရှိပြီး ငွေကျပ်သိန်း ၈၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈) နေရာ၌ လည်း အဋ္ဌမမြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိ ပြီး ယနေ့တွင် ငွေကျပ် ၃၉ သိန်း ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီက ရွေ့လျား ဈေးကားဖြင့် သားငါးများရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်