ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်စားသောက်ကုန်များ လက်လီလက်ကား ဆက်လက်ရောင်းချပေး

 

နေပြည်တော်  စက်တင်ဘာ  ၁၆


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်   ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏   ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ       လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း    မှန်ကန်စွာရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ် မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ်     ကုန်သည်လမ်း နှင့်     ဗိုလ်ဆွန်ပက်လမ်းထောင့် ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌      အိမ်သုံးဆေးဝါးများ လက်လီလက်ကား     ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့ တွင် ဆောင်ရွက်ခဲ့ရာ   ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၁ ခုမှ အိမ်သုံးဆေးဝါး ၁၃၈ မျိုးကို ရောင်းချပေးလျက် ရှိပြီး ငွေကျပ်     ခုနစ်သိန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ကို    ရောင်းချခဲ့သည်။


အလားတူ  ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ်    ကမ်းနား လမ်း   လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈)     နေရာ၌ လည်း     ၂၄ ရက်နေ့အဖြစ်   ဆက်လက်   ရောင်းချပေးလျက် ရှိပြီး ယနေ့တွင် ငွေကျပ်  ၈၀၀၀၀  ကျော်တန်ဖိုးရှိ  ဆေးနှင့်   ဆေး ပစ္စည်းများကို   ရောင်းချပေးနိုင် ခဲ့သည်။


ရောင်းချပေး


ထို့ပြင်     ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချ ပေးခဲ့ကြောင်း        သိရသည်။


သတင်းစဉ်