ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဆေးနှင့် ဆေးပစ္စည်းများ  ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေး 

 

 

နေပြည်တော်    အောက်တိုဘာ    ၁၁


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ    ပြည်သူများ၏   ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ  လွယ်လင့်တကူဝယ်ယူနိုင်ရေး  အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏   ညွှန်ကြားချက်အရ   မြန်မာနိုင်ငံ  ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ်  ပန်းဘဲတန်းမြို့နယ်   ကုန်သည်လမ်းနှင့်   ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ   ကုန်သွယ်မှုဗဟိုဌာန   အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ   လက်လီလက်ကား  ဖြန့်ဖြူးရောင်းချခြင်း အစီ အစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသော  ကုမ္ပဏီ ၅ ခုမှ  အိမ်သုံးဆေးဝါး ၇၈ မျိုး ရောင်းချ ပေးခဲ့သည်။
အလားတူ    ပထမအစီအစဉ်အဖြစ်    ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့်  အလုံမြို့နယ်  ကမ်းနားလမ်း  လွတ်လပ်ရေးရပ်ကွက်  အမှတ် (၁၀၄/ ၁၀၈)  နေရာ၌လည်း ၄၁ ရက်မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး   ယနေ့တွင်    ဆေးနှင့်   ဆေးပစ္စည်းများ ရောင်းချပေးနိုင်ခဲ့သည်။
ထို့ပြင်     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏     လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်