ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာနှင့်ကျောင်းပေါင်း ၃၂၆၂ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၁၄၁၇၁ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

ရန်ကုန်   ဇွန်    ၂
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်း များအား ဇွန် ၁ ရက်မှစ၍ ဖွင့်လှစ် ခဲ့ပြီး ဇွန် ၂ ရက်တွင်   ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းနှင့် ကျောင်းပေါင်း ၃၂၆၂ ကျောင်းတို့တွင် ကျောင်း သား ကျောင်းသူ  ၉၁၄၁၇၁  ဦး အေးချမ်းပျော်ရွှင်စွာ     ပညာ သင်ကြားလျက်ရှိသည်။
ရန်ကုန်    တိုင်းဒေသကြီး အတွင်း၌ အခြေခံပညာအထက် တန်း၊  အလယ်တန်း၊  မူလတန်း ကျောင်း စုစုပေါင်း ၂၇၄၉ ကျောင်း၊ ဘုန်းတော်ကြီးသင်   ပညာရေး ကျောင်း ၂၃၀၊ ကိုယ်ပိုင်အထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း   စုစုပေါင်း ၂၈၃ ကျောင်း တို့တွင်  ကျောင်းသား ကျောင်းသူ များ  ဇွန်  ၁ ရက်မှစ၍ တက်ရောက် သင်ကြားလျက် ရှိသည်။
ဇွန် ၁ ရက်   အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်သော နေ့တွင်    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာ ရေးမှူး၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများသည်  အခြေခံ ပညာကျောင်းများနှင့်    အစိုးရ နည်းပညာ အထက်တန်းကျောင်း တို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ၌   စတင်တက်ရောက်     ပညာ သင်ယူကြသည့်    ကျောင်းသား ကျောင်းသူများကို      တွေ့ဆုံ အားပေး၍      လိုအပ်သည်များကို     ထောက်ပံ့ကူညီကြသည်။
ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ယမန်နှစ်ကျောင်းဖွင့်ရာသီထက် ကျောင်းသား   ကျောင်းသူတက် ရောက်မှု တိုးလာခဲ့ပြီး နိုင်ငံတော်မှ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရာ၌ ကျောင်းသားမိဘ များ၏   ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်အဖြစ် ပညာသင်ကြား သော ကျောင်းသားဦးရေ  တိုးမြင့် လာခဲ့ခြင်းဖြစ်ရာ ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကျောင်းပေါင်း ၃၂၆၂ ကျောင်း၌ ကျောင်းသား ကျောင်း သူ ၉၉၀၆၂၉   ဦး   အပ်နှံထား၍ ၉၁၄၁၇၁ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်     ရှိကြောင်း သတင်းရရှိသည်။
ညိမ်းသူ (သတင်းစဉ်) 
ဓာတ်ပုံ - ကနူး