ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများသိုလှောင်၍ အမြတ်တင် ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ

ရန်ကုန်  ဩဂုတ်  ၁၄


ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့သည်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  လမ်း ညွှန်ချက်နှင့်အညီ  ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း  အများပြည်သူ အတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂို ဒေါင်များကို     မြို့နယ်အလိုက် အဖွဲ့များဖွဲ့၍    စစ်ဆေးဆောင် ရွက်လျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ရာတွင် နေ့စဉ်    ရောင်းဝယ်နေမှုများကို မထိခိုက်စေရန်    ဆေးဝါးဖြန့်ချိ ရောင်းချနေသော   မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊   သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ      လက်လီ လက်ကား     ဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်း မပြုဘဲ သီးသန့်    ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် ကိုးခုကို   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် ရဲတပ်ဖွဲ့၊      သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်   ဆေးဝါး များ       ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်   ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ဆေးဂိုဒေါင်ပိုင်ရှင် နှင့်     ကိုယ်စားလှယ်များရှေ့ မှောက်တွင်  ဂိုဒေါင်လက်ကျန်စာရင်းကောက်ယူခြင်း၊    ကုန် ပစ္စည်းအဝင်အထွက်  လယ်ဂျာ များ  စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင် ရှိ/မရှိ၊        ယခင်က ဆေးပစ္စည်းများ တင်သွင်းရောင်း ချခြင်း (သို့မဟုတ်)  ယခုကာလ မှသာ       ဈေးကွက်အတွင်း ဆေးပစ္စည်းများကို    ဝယ်ယူ သိုလှောင်ခြင်း၊  ပစ္စည်းများကို ထိန်းချုပ်ထားခြင်း  (သို့မဟုတ်) အမြတ်ကြီးစား    ရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်း ရှိ/မရှိ တတိယနေ့အဖြစ်      ထပ်မံဖော်ထုတ်   စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။


ပူးပေါင်းစစ်ဆေးရေးအဖွဲ့    မှ    စိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများ ပုံမှန်ရောင်းချခြင်း လုပ်ငန်း    ထိခိုက်မှုမရှိစေရန် ဈေးကွက်အတွင်းသို့  ပို့ဆောင် လိုပါကလည်း    ပို့ဆောင်မည့် ပစ္စည်းစာရင်းနှင့်  ပို့ဆောင်မည့် ဒေသကို မှတ်သား၍ လွတ်လပ် စွာ   ပို့ဆောင်ခွင့်ပြုထားသည်။ ဩဂုတ်  ၁၃ ရက်တွင်   ဂိုဒေါင် ကိုးလုံးကို   ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေးခြင်း   ပြုလိုက် သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ   လက်ကားရောင်းချ သော  ဈေးများတွင်   အများ ပြည်သူအသုံးများသော ဆေးများ ၏ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်းလည်း  သိရ သည်။


တတိယအသုတ်   စစ်ဆေး နေသော ဆေးဂိုဒေါင်များအနက် ဈေးနှုန်းမြှင့်တင်ရန်  ရည်ရွယ် ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ     ဝယ်ယူ တင်သွင်းသည့်     အထောက် အထားများ တင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့်     ပမာဏ များပြားသဖြင့်   ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်    သိုလှောင် ထားခြင်းများ    တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ    ထိထိရောက် ရောက်   အရေးယူသွားမည်ဖြစ် သည်။   ပုံမှန်ရောင်းချလျက်ရှိ သည့်   ဂိုဒေါင်များကို   ဆေးဝါး များ ဈေးနှုန်း မြင့်မားမှုမရှိစေရန်၊ ဈေးကွက်အတွင်း        ဆေးဝါး ဖြန့်ဖြူးမှု ထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစား   ရောင်းချခြင်း မပြုရန် သတိပေးပြီး ခံဝန်ကတိ လက်မှတ်ရေးထိုးစေမည် ဖြစ် သည်။     လုပ်ထုံးလုပ်နည်းနှင့် အညီ    ပုံမှန်တင်သွင်းဖြန့်ဖြူး ရောင်းချသော      ကုမ္ပဏီများ ကို     တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းပြုမည်  မဟုတ် ကြောင်း သိရသည်။


ဆန်းကျော်ဦး
(ပြန်/ဆက်)