ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များသို့ စက်သုံးဆီ သယ်ယူပို့ဆောင်သည့် စက်သုံးဆီသယ်ယာဉ်(Bowser)များအား စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal များရှိ   စက်သုံးဆီများကို   စက်သုံးဆီ   တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း      ကြီးကြပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး  အပါအဝင်      တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ် ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်။


ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၂၂  ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး  အပါအဝင် နိုင်ငံတစ်ဝန်းရှိ  စက်သုံးဆီအရောင်းဆိုင် ၂၀၅၅  ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၂၉၄ စီးဖြင့် 92 Ron ဂါလန် ၁ သန်း ၁ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိန်း ၈ သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန်  ၇ သိန်း ၄ သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ၁ သန်း ၁ သိန်း ၉ သောင်းကျော်ကို ပို့ဆောင်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။


စက်သုံးဆီ  သယ်ယူပို့ဆောင်ခြင်း  လုပ်ငန်းများ ဖြစ်သည့် ဆီတင်သင်္ဘောများမှ Terminal များသို့ စက်သုံးဆီဖြည့်တင်းမှုများ၊ Terminal များမှ ဆီတင် ယာဉ်များသို့ စက်သုံးဆီ ဖြည့်တင်းထွက်ခွာမှုများနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့     ဆီတင်ယာဉ် များဖြင့်  စက်သုံးဆီ  ပို့ဆောင်မှုအခြေအနေများကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန သက်ဆိုင်ရာ  တာဝန်ရှိသူများက  လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်း၊ စက်သုံးဆီဖြည့်တင်းသယ်ယူ  ပို့ဆောင်ရေးလုပ်ငန်းများ  အဆင်ပြေချောမွေ့စေရန်  အတွက် လိုအပ်သည်များ ဖြည့်ဆည်းကူညီခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း       သတင်းရရှိ သည်။ 

သတင်းစဉ်