
ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ၁၄ ခရိုင် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို သြဂုတ် ၈ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်း မြန်မာ နိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ခန်းမ၌ကျင်းပသည်။
ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အသက် ၁၂ နှစ်နှင့် အောက်၊ အသက် ၁၆ နှစ်နှင့်အောက်၊ အသက် ၂၅ နှစ်နှင့် အောက်၊ အမျိုး သား၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားအသင်းလိုက်၊ အမျိုး သမီး အသင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ ကို တိုင်းဒေသကြီး ဝန်ကြီးများ နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးသည်။
ထို့နောက် အမျိုးသမီးအသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော သင်္ဃန်းကျွန်းခရိုင်နှင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဒဂုံမြို့သစ်ခရိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ကိုယ်စား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က တံခွန်စိုက်ဆုဖလားများ ချီးမြှင့်သည်။ ယင်းပြိုင်ပွဲကို ဩဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး အသင်း ၂၆ သင်း၊ ကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အာကာလင်း