
ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား အသက် (၂၅) နှစ် အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (Y.T.C) ဘောလုံးကွင်း၌ကျင်းပရာ မင်္ဂလာဒုံခရိုင်အသင်းနှင့် ဒဂုံ မြို့သစ်ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြပြီး ဒဂုံမြို့သစ်ခရိုင် အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။
ပြိုင်ပွဲအပြီး အကောင်းဆုံး ရှေ့တန်း၊ အလယ်တန်း၊ နောက် တန်း၊ ဂိုးကစားသမားဆုနှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစား သမားများအား တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ စတုတ္ထဆုရရှိ သော ဗိုလ်တထောင်ခရိုင်အသင်း အား တိုင်းဒေသကြီးအားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေး အောင်ကလည်းကောင်း၊ တတိယ ဆုရ တွံတေးခရိုင်အသင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေးက လည်း ကောင်း၊ ဒုတိယဆု ရရှိသော မင်္ဂလာဒုံခရိုင်အသင်းအား ဗိုလ်မှူး ကြီး ဝင်းတင့်က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပထမ ဆုရရှိသော ဒဂုံမြို့သစ် ခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလား ချီးမြှင့်ပေးသည်။
ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၁၉ ရက်အထိ ပတ်လည်စနစ်ဖြင့် ခရိုင် ၁၄ ခရိုင် ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း သိရသည်။
အာကာစိုး