ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်‌အောက် မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်

 

ရန်ကုန်   ဇွန်   ၈


ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်ဖလား အသက်  ၂၅   နှစ်အောက်   မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပသည်။

 


ဗိုလ်လုပွဲပြိုင်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် အမျိုးသမီးအသင်းက သန်လျင်မြို့နယ် အမျိုး သမီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်       အမျိုးသားအသင်းက သာကေတမြို့နယ် အမျိုးသားအသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။

 


ပြိုင်ပွဲအပြီးတွင် အမျိုးသား၊ အမျိုးသမီးရိုက်ခုတ်အကောင်းဆုံးဆု၊      ပင့်‌ထောင် အကောင်းဆုံးဆု၊ နောက်ထိန်းအ‌ကောင်းဆုံး ဆုရရှိသူများအား       ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ‌ကော်မတီဝင်များကလည်း‌ကောင်း၊     အမျိုးသားတတိယဆုရ‌ မှော်ဘီအသင်း၊       အမျိုးသမီးတတိယဆုရ တွံ‌တေးအသင်းတို့အား အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်)   ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေကလည်းကောင်း၊ အမျိုးသား ဒုတိယဆုရ သာ‌ကေတအသင်း၊ အမျိုးသမီး ဒုတိယဆုရ     သန်လျင်အသင်းတို့အား အ‌ရှေ့ ပိုင်းခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင် တို့ကလည်းကောင်း    တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်ကြသည်။

 


ယင်း‌နောက်       ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား        တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် က အမျိုးသား ပထမဆုရ ‌ရွှေပြည်သာမြို့နယ် အသင်း၊ အမျိုးသမီး ပထမဆုရ ကွမ်းခြံကုန်း မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊‌ ငွေသားဆုနှင့်   ဆုဖလားများ  ပေးအပ်ချီးမြှင့် သည်။ ယင်းပြိုင်ပွဲကို ဇွန် ၂ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး   အမျိုးသားအသင်း  ၃၉  သင်း၊ အမျိုးသမီးအသင်း  ၁၂  သင်း  ပါဝင်ယှဉ်ပြိုင် ကြောင်း သိရသည်။                  

 အာကာစိုး