ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

 

ရန်ကုန်  ဇန်နဝါရီ   ၂၅
ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တပ်မတော်သားများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ  ဝန်ထမ်းများ၊ ခရိုင်နှင့်  မြို့နယ်များမှ   စည်ပင် သာယာရေးဝန်ထမ်းများက   ဘုရားဖူးပြည်သူများ  စိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး   စေတီတော်မြတ်ကြီး၏   ရင်ပြင်တော်အင်္ဂါ ထောင့်မှစတင်၍   စေတီတော်ရင်ပြင်ပရိဝုဏ်အတွင်း    လက်ယာရစ် လှည့်လည်ကုသိုလ်ယူ  အမှိုက်လှည်းခြင်း၊  ဆီမီးခုံများ၊ တန်ဆောင်း များနှင့် ဘုရားစေတီများအတွင်း ကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ကုန်းတော်ပေါ်ရှိ ဗုဒ္ဓအမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက်ရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိ သူများအား မှာကြားခဲ့ကြောင်း သိရသည်။ ဆန်းကျော်ဦး(ပြန်/ဆက်)