ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် တပ်မတော်(ရေ)သီလဝါ အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    ဩဂုတ်   ၁၁


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ မွေးမြူရေးလုပ်ငန်းများနှင့်တပ်မတော်(ရေ)သီလဝါ  အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းမှူး နှင့်    တာဝန်ရှိသူများသည်       သန်လျင်မြို့နယ်ရှိ   ဆိတ်အကောင်ရေ ၄၀၀ ကျော်   မွေးမြူထားသည့်    မဟာနန်းတော် ပုဂ္ဂလိက မျိုးကောင်းမျိုးသန့်ဆိတ် မွေးမြူရေးခြံနှင့်   နို့စားနွားကောင်ရေ  ၆၀၀ ကျော်  မွေးမြူထားသည့် တဲပြာပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံတို့ကို  ကြည့်ရှုစစ်ဆေးရာ   မွေးမြူရေးလုပ်ငန်း အခြေအနေများကို ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင် များမှ       ရှင်းလင်းတင်ပြရာ    ဝန်ကြီးချုပ်က     လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး သည်။

 


ဆက်လက်၍      တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်   တာဝန် ရှိသူများသည်      သန်လျင်မြို့နယ်    ဘော့ချောင်းကျေးရွာတွင်    ရန်ကုန်တိုင်းဒေသကြီး   ငါးလုပ်ငန်းဦးစီးဌာနမှ   ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့  တက်ရောက်ပြီး    ဘော့ချောင်းအတွင်းသို့ နှစ်လက်မအထက်  ငါးမြစ်ချင်းအကောင်ရေ  ၆ သိန်း ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူး နှင့်     တာဝန်ရှိသူများသည်     သန်လျင်မြို့နယ်   စစ်ပင်ကွင်းကျေးရွာရှိ    နည်းပညာပေးစခန်းတွင်   တိုင်းဒေသကြီး     စိုက်ပျိုးရေးဦးစီးဌာနမှ   ဦးစီး ကျင်းပသည့်      သန်လျင်မြို့နယ်ရှိ     ကန်ထရိုက် လယ်ယာစနစ်   ဆောင်ရွက်သည့် တောင်သူများအား ပင်လယ်ကိုးသွယ်ကုမ္ပဏီက    ဓာတ်မြေဩဇာနှင့်    စိုက်ပျိုးစရိတ်ငွေ  ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့   တက်ရောက်၍   အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အမှာစကားပြောကြားပြီး တာဝန်ရှိသူ များက    မိုးစပါး  ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သည့်      တောင်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 


ကန်ထရိုက်လယ်ယာစနစ်ဖြင့် သန်လျင်မြို့နယ် ရှိ တောင်သူ ၂၇၁ ဦး၏    မိုးစပါးဧက ၂၁၃၉ ဧက အတွက် တစ်ဧကလျှင်   စိုက်ပျိုးစရိတ် ၅ သောင်း ကျပ်နှင့်   ဓာတ်မြေသြဇာဖိုး ၅ သောင်းကျပ်နှုန်းဖြင့် ငွေကျပ် ၂၁၃၉ သိန်းကို ထောက်ပံ့ပေးသည်။  ရန်ကုန် တိုင်းဒေသကြီးအတွင်း    ကန်ထရိုက်လယ်ယာစနစ်ဖြင့် လယ် ၁၅၈၇၅ ဧကတွင် လယ်သမားများနှင့်အကျိုးတူ မိုးစပါးစိုက်ပျိုးလျက်ရှိသည်။

 


ယင်းနောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည်  သန်လျင်မြို့နယ် တပ်မတော် (ရေ) သီလဝါ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ KZO - 100 အမျိုးအစားစက်ရုံ Oxygen Plant ကို   ဇူလိုင် ၂၁ ရက်မှ   စတင်၍ ပြင်ဆင် တပ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး  ဩဂုတ် ၁ ရက်မှ စတင်၍ စမ်းသပ်မောင်းနှင်ခဲ့ရာ  တစ်နေ့လျှင်   လီတာ ၄၀ အောက်ဆီဂျင်အိုး ၄ဝဝ ကို  ဖြည့်တင်းပေးနေသဖြင့် အောက်ဆီဂျင် လိုအပ်သည့် တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ သာရေးနာရေးနှင့် လူမှုရေးအသင်း အဖွဲ့များ၊ အခြား အောက်ဆီဂျင်    လိုအပ်နေသူများသို့   ဖြန့်ဖြူးပေး နေသည့် အခြေအနေများကို သန်လျင်ရေတပ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ဇော်ဝင်းက    ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြမှုများအပေါ်     လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန် /ဆက်)