
နေပြည်တော် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်း ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ရန်ကုန်သစ်ရပ်ကွက် ဘုရင့်နောင် ၁၀ လမ်းနေ တင်ဝင်း ၏ နေအိမ်ကို သတင်းအရရှာဖွေ ရာ နေအိမ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက် အရ မွန်းတည့် ၁၂ နာရီတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ပိုင်ရှင်ဖြစ်သူ မနန်းခမ်းအောင်(ခ) မအေးခင်ကို သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် အောင် ဇေယျ ၈ လမ်းရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးမိခဲ့သဖြင့် ၎င်း တို့အား ဥပဒေအရအရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်