ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် Life Jacket ၃၀၀ လှူဒါန်း

 

ရန်ကုန်    ဇွန်    ၂၉


ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် Life Jacket များ လှူဒါန်းခြင်း   အခမ်းအနားကို   ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  မင်္ဂလာခန်းမ၌   ကျင်းပ သည်။

 


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဋ္ဌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းက အမှာစကား ပြော ကြားရာ ကမ္ဘာနိုင်ငံအနှံ့အပြားတွင် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် လည်း ပထဝီမြေမျက်နှာသွင်ပြင်အနေအထား မျိုးစုံရှိ သောကြောင့်   ဘေးအန္တရာယ်များ    ကြုံတွေ့နေရ ကြောင်း၊  သို့ဖြစ်၍   ထိရောက်သော  အကာအကွယ် ပေးနိုင်ရေးနှင့် ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့်    သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီများ၊ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ လိုအပ်သော   အသက်ကယ်ပစ္စည်းဖြစ်သည့်  Life Jacket အသက်ကယ်အင်္ကျီများ  လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်းနှင့်      သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာချိန်များတွင် ပြည်သူများ ထံအရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်  Hydrodynamic Enterprise  (Myanmar) မှ   တာဝန်ရှိသူများက  ကျပ်သိန်း ၁၉၄၂၅၀၀၀၊ အမေရိကန်ဒေါ်လာ ၁၀၅၀၀ တန်ဖိုးရှိ Life Jacket  ၃၀၀ အား ဝန်ကြီးချုပ်ထံ ပေးအပ် လှူဒါန်းကြောင်း သိရသည်။       


ဆန်းကျော်ဦး (ပြန်/ဆက်)