
ရန်ကုန် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) အစည်းအဝေးကို ယမန်နေ့က ရန်ကင်း မြို့နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး လုပ်ငန်းများမှာ တန်ဖိုးမြှင့်ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းနှင့် ဂျပ်ဖာများ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရောင်းချခြင်း လုပ်ငန်းတို့ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည် ငွေရင်းပမာဏမှာ မြန်မာကျပ်ငွေ သန်း ၂၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၁၆၃ ဦးအတွက် ဖန်တီးပေးနိုင် မည်ဖြစ်သည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၇ ခု၏ တင်ပြ ချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းများအနက် လုပ်ငန်းလေးခုမှ စုစုပေါင်းမတည် ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်း တိုးမြှင့်ပေးခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)