
နေပြည်တော် ဇူလိုင် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံ ချက်သည် ၂၀၂၁ ခုနှစ် မေ ၃ ရက် မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် အထိ ၁၈ လကြာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လျာထား သတ်မှတ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယခုအခါ စီမံ ချက်ကာလ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့် တိုင်းဒေသကြီး/ ပြည်နယ် ရှစ်ခုသည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရိုင် ၁၄ ခု၊ မြို့နယ် ၄၅ ခု၊ ရပ်ကွက် ၇၄၃ ခု၊ ကျေးရွာ အုပ်စု ၆၂၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၃၉ ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား ကတ်ထုတ်ပေးရန် ၇၁၄၈၂၁ ကတ်လျာထားရာ ယခု အခါ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ထုတ်ပေးပြီးဖြစ် သည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီးသည် ကိုးခုမြောက် တိုင်းလုံး ကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးသည့် တိုင်းဒေသကြီး တစ်ခု ဖြစ်ကြောင်း။
ရှင်းလင်းပြောကြား
နိုင်ငံသား ကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝ ဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားအထောက် အထားတစ်ခု ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက ပြည်သူများအတွက် ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားကတ်ရရှိရေး ဆောင်ရွက်ပေးနေ သကဲ့သို့ မဲစာရင်း မှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ရုံးများ ရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းရှိ အချက် အလက်များကို ကွန်ပျူတာများ ဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်သည့် လုပ်ငန်း ကိုလည်း သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းအချက်အလက် များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်း များ၏ မြေပြင်ကွင်းဆင်း ကောက်ယူသည့် အချက်အလက် များကို တိုက်ဆိုင်စစ်ဆေးကာ မဲစာရင်း မှန်ကန်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် အပြင် အဆိုပါအချက်အလက် များသည် မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် e-ID စနစ် လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ် ကြောင်း၊ နိုင်ငံသားကတ် ထုတ်ပေးခြင်း လုပ်ငန်းသည် လုပ်ငန်းသဘာဝအရ ရေရှည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်၍ ဝိုင်းဝန်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးကြစေလို ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပန်းခင်း စီမံချက်လျာထားချက် ရာနှုန်း ပြည့် ပြီးမြောက်အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။
ရာထူးတိုးမြှင့်ပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပန်းခင်းစီမံချက် ပြီးမြောက်အောင်မြင်အောင် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းအဆင့် တာဝန်ရှိ သူများကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး ပန်းခင်းစီမံချက် ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြ သည့် ဝန်ထမ်းများကို တစ်ဆင့် မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးတံဆိပ်များ တပ်ဆင်ပေး သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့မှ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူး များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဝင်းသိန်းက ပန်းခင်းစီမံချက် ပြီးမြောက်ခြင်း အထိမ်းအမှတ် တံဆိပ်ကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ် သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် တက်ရောက်လာ ကြသူများအား တိုင်းရင်းသားအဖွဲ့ က စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ရာ ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် ပန်းခင်း စီမံချက် ဆောင်ရွက်မှုမှတ်တမ်း များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ရှင်းလင်းဖြေကြား
အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင် စာရင်း မှန်ကန်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် မိမိတို့ဌာနမှ ပေါင်းစပ်ဆောင် ရွက်နေမှု၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များအပေါ် ဒေသအာဏာပိုင်များ အနေဖြင့် ဆက်လက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်