
နေပြည်တော် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှား နိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၄ ရက် ည ၇ နာရီခွဲ တွင် သတင်းအရ မြောက် ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် သီရိရတနာ ဈေးဝင်းတွင် ယာဉ် မောင်း ဝင်းလှိုင်(ခ) ဦးချယ်နှင့် လှဘော်တို့ နှစ်ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူ တွေ့ရှိပြီး ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ မေ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မရမ်းကုန်း မြို့နယ် (၅)ရပ်ကွက်တွင် အိုက်စ် (မက်သ်အဖက်တမင်း) များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ များဖြစ်ကြသည့် ထွန်းနိုင်နှင့် ဝင်းမြင့်တို့ကို လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ကျောင်းကုန်း မြို့အဝင်တိုးဂိတ်တွင် အားဂျီး(ခ)အားရှီးကို လည်းကောင်း၊ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ် လွယ်ချီတုံကျေးရွာတွင် ကိုပေါက် (ခ)အောင်မြတ်ဝင်းကို လည်း ကောင်း၊ ညနေ ၅ နာရီခွဲတွင် ပုသိမ်မြို့နယ် ချောင်းသာ ဟိုတယ်တွင် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ) ဘောန် (ခ)Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်း တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ ကြောင်း၊ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ မေ ၇ ရက် နံနက် ၁၁ နာရီတွင် ဒလမြို့နယ် စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင် သုံး ငါးဖမ်းစက်လှေတစ်စင်း နှင့်အတူ ရှိုင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုးတို့ကို ထပ်မံဖမ်းဆီးရမိ ခဲ့ပြီး မေ ၈ ရက် ညနေ ၃ နာရီခွဲ တွင် မူးယစ်ဆေးဝါးများတာဝန်ခံ သယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်းကို လည်းကောင်း၊ မေ ၁၁ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့ ပါလျှံ(၁)ရပ်ကွက် တွင် အောင်ကျော်ထွန်း(ခ) အိုက်ဆမ်ကိုလည်းကောင်း အသီး သီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်း ဆည်းရမိ အိုက်စ်(မက်သ်အဖက် တမင်း)များကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ရေကြောင်းလမ်း အသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင် နက်သို့ သယ်ဆောင်မည်ဖြစ် ကြောင်း၊ ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ)Mr. Piayapong Khammongkhon သည် ထိုင်း နိုင်ငံတွင် လူသတ်မှု၊ မူးယစ် ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံ ပြေးဖြစ်ကြောင်း၊ အမှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် စိုင်းဂွမ် (ခ)စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန်နှင့် လူဖီးတို့အပါအဝင် စုစုပေါင်း ၁၈ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ် လုပ်ကိုင်ရာမှ ရရှိ သည့် အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများ စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များကို ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ မလေးရှားနိုင်ငံ အမျိုးသား မူးယစ် ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့(NADA)တို့နှင့်ပူးပေါင်း၍ ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်