ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော်

 

ရန်ကုန်    မတ်    ၁၅


မိုးတွင်းကာလ လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  လမ်းညွှန်မှုအရ ငမိုးရိပ် ရေလှောင်တမံမှ  ငမိုးရိပ်ရေတံခါးအထိ   ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို  တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်       အဖွဲ့ဝင်များ သည်        ယနေ့မွန်းလွဲပိုင်းတွင်  လှည်းကူးမြို့နယ်  ကမ်းနီကျေးရွာ ရန်ကုန် - မန္တလေး     အမြန်လမ်း ၁၁ မိုင် ၃ ဖာလုံတွင် ငမိုးရိပ်ချောင်း ပြန်လည်   တူးဖော်နေမှုကိုလည်း ကောင်း၊ အောင်ချမ်းသာရပ်ကွက် ဖောင်ကြီးအရှေ့တွင် ငမိုးရိပ်ချောင်း တူးဖော်ပြီးစီးမှုကိုလည်းကောင်း၊ မြေစေးအိုင်ကျေးရွာနှင့် ဥယျာဉ်ဝ ကျေးရွာကို ဆက်သွယ်သော ငမိုး ရိပ်ချောင်းကူးတံတားအနီး လုပ်ငန်း ဆောင်ရွက်မည့်နေရာကို    လည်း ကောင်း၊       ကြို့ကုန်းကျေးရွာ (တောင်)  နှင့်  ကြို့ကုန်းကျေးရွာ (မြောက်)  တို့ကို  ဆက်သွယ်ထား သော  ငမိုးရိပ်ချောင်းကူးတံတား အနီးနှင့်     ကမ်းနီကျေးရွာတွင် လုပ်ငန်း     ဆောင်ရွက်ပြီးစီးမှု များကိုလည်းကောင်း၊     နှုတ်ခမ်း မွှေးသိုက်ကျေးရွာအနီးတွင်   စက် ယန္တရားကြီးများဖြင့်     လုပ်ငန်း ဆောင်ရွက်နေမှုများကို          လည်း ကောင်း  သွားရောက်ပြီး လိုက်လံ ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ       တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံ ခန့်ခွဲရေးဦးစီးဌာန  ညွှန်ကြားရေး မှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်     လုပ်ငန်းဆောင်ရွက်နေမှု များကို  ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း      တင်ပြချက်များနှင့် စပ်လျဉ်း၍       တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ရေလျှံသည့်နေရာ များ၏ အောက်ဘက်ကို နက်နက် တူး၍        နိမ့်သည့်နေရာများတွင် အနေအထား    ကြည့်၍တူးရန်၊  လုပ်ငန်း       ဆောင်ရွက်နေသည့် အခြေအနေများအခက်အခဲရှိပါကတင်ပြကြရန်၊      သတ်မှတ်ကာလ အတွင်း  လုပ်ငန်းများ  အမြန်ဆုံး ပြီးစီးရေး      ဆောင်ရွက်ကြရန် နှင့်   လိုအပ်သည်များ    မှာကြား သည်။


ဆန်းကျော်ဦး (ပြန်/ဆက်)