
နေပြည်တော် ဩဂုတ် ၅
အကြမ်းဖက်အစွန်းရောက်သမားများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် ကပ်ရောဂါ ဖြစ်ပွား နေမှုအပေါ် မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ်နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိသည့်နေရာများကို ဦးတည် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်စေတနာ ပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖြစ် အယောင်ဆောင်၍ PPE ဝတ်စုံဝတ်ဆင်ပြီး အပြစ်မဲ့ပြည်သူများအနီး ချဉ်းကပ်ကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ကိုပါ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
ထိုကဲ့သို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် အမှတ်(၁၆)ရပ်ကွက် အုတ်ကျင်းဘူတာရုံလမ်း အမှတ်(၃၁)နေ ဦးစန်းလင်း (၅၃နှစ်) (ဘ) ဦးလှရွှေနှင့် ဇနီးဖြစ်သူ ဒေါ်သီတာ တို့သည် နေအိမ်အရှေ့၌ အိမ်ဆိုင်ဖွင့်လှစ်၍ ဈေး ရောင်းချနေစဉ် PPE ဝတ်စုံဝတ်ဆင်ကာ စေတနာ့ ဝန်ထမ်း အယောင်ဆောင်ထားသည့် အကြမ်းဖက် သူ အမျိုးသားနှစ်ဦးက ဆိုင်အတွင်းသို့ အအေး လာရောက်ဝယ်ယူဟန်ဖြင့် ချဉ်းကပ်ဝင်ရောက်လာ သဖြင့် အအေးရောင်းချပေးနေစဉ် အဆိုပါ အကြမ်း ဖက်သူနှစ်ဦးက ၎င်းတို့ထံတွင် အသင့်ပါလာသော သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းလင်း၏ ဝဲဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲပေါင်ကျည်ထိမှန်ဒဏ်ရာ တစ်ချက်၊ ဒေါ်သီတာတွင် ဝဲလက်ဖျံကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော် ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုပေးနေစဉ် ဦးစန်းလင်း မှာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ထိုသို့ ဝတ်စုံဝတ်ဆင်၍ အကြမ်းဖက်သတ်ဖြတ် မှုကို ပြုလုပ်ခဲ့မှုကြောင့် စိတ်စေတနာပြည့်ဝစွာဖြင့် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေနိုင် သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အစွန်းရောက်အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အသေးစိတ်ပိတ်ဆို့စစ်ဆေးရှာဖွေ မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်