ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်း ဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ   ၅    


ရန်ကုန်တိုင်းဒေသကြီး  ကြည့်မြင်တိုင်မြို့နယ်  မကျည်းတန်း(တောင်/ အနောက်)ရပ်ကွက် ပန်းပင်ကြီးလမ်း၌ ယနေ့နံနက်ပိုင်းက တရားမဝင် ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများ ပြုလုပ်နေကြောင်း ဆူပူမှု ကိုမလိုလားသော ပြည်သူအချို့၏   သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ လူစုခွဲ ဆောင်ရွက်ခဲ့ရသည်။ 

 


အဆိုပါ   ခွင့်ပြုချက်မဲ့ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာတွင် ကျား ရှစ်ဦး၊ မ သုံး ဦး စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျား နှစ်ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများနှင့် မ တစ်ဦးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။

 

 ဖမ်းဆီးရရှိသူများအား တရားဥပဒေနှင့်အညီ   အမှုဖွင့်အရေးယူရန်    ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအားနီးစပ်ရာ တပ်မတော်ဆေးရုံ သို့    ပို့ဆောင်၍   ဆေးကုသမှုများ   ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                                          

သတင်းစဉ်