
နေပြည်တော် ဇွန် ၁
၂၀၂၂ ခုနှစ် မေ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်အနောက်ရပ်ကွက် ပန်းပင်ကြီးလမ်း အမှတ်(၂၀) ပထမထပ်၌ ကျန်းမာရေးမကောင်း သဖြင့် နေအိမ်အတွင်း Wheel Chair ဖြင့် သွားလာနေရသည့် ဒေါ်ခင်ကြည် (၈၈)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်အေးစန်း (၅၀)နှစ်တို့ နှစ်ဦးတည်းရှိနေစဉ် မျက်နှာဖုံးများစွပ်ထားသည့် အမျိုးသား ၁၀ ဦးခန့်သည် ဓားဦးချွန်တစ်ချောင်း၊ သံတုတ်တစ်ချောင်း ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒေါ်အေးစန်း အား ကြိုးဖြင့်ချည်နှောင်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ဒေါ်ခင်ကြည်နှင့် ဒေါ်အေးစန်းတို့ ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်း လေးမျိုး စုစုပေါင်းတန်ဖိုး ၅၁ သိန်းကျပ်ခန့်နှင့် နေအိမ်ဘီရို အတွင်း သိမ်းဆည်းထားသည့် ငွေကျပ် ၅ သိန်းတို့အား ဓားပြ တိုက် ယူဆောင်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ကြည့်မြင်တိုင် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံ ရေး ရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ ဓားပြတိုက်မှုကျူးလွန် ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း ကာ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများ ဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာတွင် ဓားပြတိုက်မှု ကျူးလွန်ခဲ့သူများသည် ပြစ်မှု ကျူးလွန်ပြီးနောက် YGN 4E-8525 နံပါတ်ပါ TOYOTA PRO-BOX အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရ သဖြင့် အဆိုပါမော်တော်ယာဉ်၏ အချက်အလက်များကို အခြေခံ ကာ ကွင်းဆက်မပြတ် စုံစမ်း ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန် သူများသည် ဒလမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း ကနဦး ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့နောက် အမှုစစ်အဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည် ဟု သံသယရှိသူ ဓားပြတိုက်ခံရ သည့် နေအိမ်၌ ဖွင့်လှစ်ထားသည့် “အောင်” Car Aircon Service လုပ်ငန်း၌ အလုပ်လုပ်ကိုင်နေ သည့် ဒလမြို့နယ်နေ ချစ်နိုင်(ခ) ရာဂျူး(ခ) ကတုံးအား ယင်းနေ့ ညနေပိုင်း၌ ဖမ်းဆီးစစ်ဆေး ခဲ့ရာ ၎င်း၏ ပူးပေါင်းပါဝင်မှုဖြင့် ဓားပြ တိုက်မှုအား ဒလမြို့နယ် ကမာ ကဆစ်ရပ်ကွက် ကျန်စစ်သား (၄)လမ်း အမှတ်(၂၉၉)နေ ၎င်း၏ ဦးလေးတော်စပ်သူ အောင်ကျော် ဆန်း (ခ) အန်ကူးပါး (ခ) အငူပါးမှ ဦးဆောင်၍ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သဖြင့် ပြစ်မှုကျူးလွန်သူများ ကို ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အောင်ကျော်ဆန်း (ခ) အန်ကူးပါး (ခ) အငူပါးအား မေ ၃၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် သာကေတမြို့နယ် (၁၄)ရပ်ကွက် သလ္လာဝတီ (၂) လမ်းရှိ ဓားပြ တိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လင်းထက်ဇဏ် (ခ) နွားကြီး (၁၉)နှစ်၏နေအိမ်၌ လင်းထက် ဇဏ် (ခ) နွားကြီး၊ စက်မြေ ရပ်ကွက်နေ ခန့်ဇင်လင်း(ခ) ကိုခန့် (၁၈)နှစ်၊ မှော်စက်ရပ်ကွက် နေ နိုင်နိုင်(ခ) နိုင်းနိုင်း (၂၀)နှစ်တို့ သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ကျော်ဆန်း (ခ) အန်ကူးပါး (ခ) အငူပါး၏ ထွက်ဆိုချက်အရ ဓားပြတိုက်မှု အား ချစ်နိုင်(ခ) ရာဂျူး(ခ) ကတုံး ၏ သတင်းပေး လက်ထောက်ချမှု ဖြင့် ၎င်းမှ ဦးဆောင်ကာ လင်းထက်ဇဏ် (ခ) နွားကြီး၊ ခန့်ဇင်လင်း(ခ) ကိုခန့်၊ နိုင်နိုင်(ခ) နိုင်းနိုင်း၊ ဘိုဘိုမင်းသူ (ခ) ဘိုဘို နှင့် ဟန်ဝင်းဇော်တို့ ခြောက်ဦးမှ လတ်တလောစီးပွားရေး အဆင် မပြေသဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ် ကြောင်း၊ ဓားပြတိုက်ရာမှ ရရှိခဲ့ သည့် ငွေများနှင့် ရွှေထည်ပစ္စည်း များကို ထုခွဲရောင်းချ၍ ခွဲဝေ သုံးစွဲခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည့်အတွက် ဖမ်းဆီးရန် ကျန်တရားခံများ အား ထပ်မံဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညပိုင်း၌ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ ဟန်ဝင်း ဇော် (၁၉)နှစ် (ဘ) ဦးဇော်မင်းထွေး ကို သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ကျိုက္ကစံဘုရား လမ်းပေါ်ရှိ “ရွှေ” တည်းခိုခန်း၌ လည်းကောင်း၊ ဒလမြို့နယ် ကမာ ကဆစ် ရပ်ကွက်နေ ဘိုဘိုမင်းသူ (ခ) ဘိုဘို (၁၉)နှစ် (ဘ)ဦးသက် ထွေးအား မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာရှိ ၎င်း၏ ဦးလေးတော်စပ်သူ ဦးကြည်ညွန့် ၏နေအိမ်၌ လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဓားပြတိုက်မှု ကျူးလွန်သူ အမျိုးသား ခုနစ်ဦး ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ သက်သေခံ ပစ္စည်းများဖြစ်သည့် ရွှေအလေး ချိန် ၁ ကျပ်၊ ၉ ပဲ၊ ၇ ရွေး တန်ဖိုးငွေကျပ် ၂၈၇၇၀၀ဝ၊ ငွေကျပ် ၈၃၇၅၀၀၊ လက်ကိုင်ဖုန်း လေးလုံး၊ နာရီ တစ်လုံးတို့ကို တရားခံအသီးသီးထံမှ ပြန်လည် သိမ်းဆည်းရမိခဲ့ကာ တရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်