
နေပြည်တော် ဖေဖော်ဝါရီ ၁၁
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၌ ပြုလုပ် ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် မြို့နယ်အသီးသီးမှ ပြည်သူများက ကျောက်တံတားမြို့နယ် အမှတ် (၁) ရပ်ကွက် မဟာဗန္ဓုလပန်းခြံ အနီး၌ နိုင်ငံတော်အလံနှင့် တပ်မတော်အလံများ ကိုင်ဆောင် ၍“တိုင်းရင်းသားစည်းလုံးညီညွတ် မှုသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှ အရေးကြီးကြောင်း” စာသားပါဆိုင်းဘုတ်ကို စိုက်ထူ ကာ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဒို့အရေး” ကြွေးကြော်သံ များ ကြွေးကြော်ခြင်း ထောက်ခံပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဟောပြောခြင်းများဖြင့် အေးချမ်း စွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်