ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   အောက်တိုဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏     ရင်ပြင်တော်ရှိ ချမ်းသာကြီးတန်ဆောင်း၌    ယနေ့နံနက်ပိုင်းတွင် အသံမစဲ   မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ    ဖွင့်ပွဲကို ပြုလုပ်ရာ ဗဟန်းမြို့နယ်  ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်၏     ပဓာနနာယက၊    နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တိပိဋကဩဝါဒါစရိယ စေတိ ယင်္ဂဏပဝရ သီရိမဟာဓမ္မဂုရု  အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊   သ.စ.အ  ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ လှရတနာ ဆရာတော်  ဘဒ္ဒန္တ နာရဒါဘိဝံသ    အမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း    ဂေါပကအဖွဲ့ဝင်များနှင့်     ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊    တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊        အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ၊    တိပိဋက လင်္ကာရစာသင်တိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး   သံဃာတော်များအား   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်    တက်ရောက်လာကြသူများက   လှရတနာ ဆရာတော်ထံမှ   ပဋ္ဌာန်းတရားရွတ်ပွားစိတ်ထားနည်း နှင့် အကျိုးတရားများကို နာယူကြသည်။ ယင်းနောက် အလှည့်ကျဆရာတော်က   မဟာပဋ္ဌာန်းဒေသနာ တော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။

 


အဆိုပါ  အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော် ပွဲကို အောက်တိုဘာ ၂၉ ရက်အထိ ရွတ်ဖတ် ပူဇော် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်