ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်    ဇန်နဝါရီ    ၆
ရန်ကုန်တိုင်းဒေသကြီး   အခြေခံ ပညာ     ကျောင်းသားအားကစား ပွဲတော်   ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့်   ဆုချီးမြှင့်ပွဲကို   ဇန်နဝါရီ  ၅ ရက်   ညနေပိုင်းက   လမ်းမတော် မြို့နယ်  အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံး ကွင်း၌ ကျင်းပရာ  တိုင်းဒေသ ကြီး  လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး    ဗိုလ်မှူးကြီး   ဝင်းတင့်၊ တိုင်းဒေသကြီး  စည်ပင်သာယာ ရေးဝန်ကြီး       (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်     တိုင်းဒေသကြီး ဝန်ကြီးများ တိုင်းဒေသကြီး   ပညာ ရေးမှူး        ဦးကျော်မိုးထွန်းနှင့် ဆရာဆရာမများ၊           ကျောင်းသား ကျောင်းသူများနှင့်     ဘောလုံး အားကစားဝါသနာရှင်များ  တက် ရောက်ကြသည်။
ဦးစွာ    လုံခြုံရေးနှင့်နယ်စပ် ရေးရာ          ဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ်      မြောက်ပိုင်းခရိုင် အသင်းနှင့်     တောင်ပိုင်းခရိုင် အသင်းတို့     ယှဉ်ပြိုင်ကစားမှု များကို    ကြည့်ရူအားပေးကြပြီးတောင်ပိုင်းခရိုင်      အသင်းက    နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက်        ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ တောင်ပိုင်းခရိုင် ဘောလုံးအသင်း မှ      အားကစားသမားများကို    လုံခြုံရေးနှင့်        နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊  ဒုတိယ ဆုရ     မြောက်ပိုင်းခရိုင်အသင်းမှ   အားကစားသမားများကို စည်ပင် သာယာရေးဝန်ကြီးက    လည်း ကောင်း၊       အမျိုးသမီးဘောလုံး အသင်းတွင် ပထမဆုရမြောက်ပိုင်း ခရိုင်ဘောလုံးအသင်းမှ   အားကစား သမားများကို         တိုင်းဒေသကြီး       စီးပွားရေးရာဝန်ကြီးက    လည်း ကောင်း၊ ဒုတိယဆုရ   တောင်ပိုင်း ခရိုင်ဘောလုံးအသင်းမှ အားကစား သမားများကို    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက     လည်း ကောင်း  တစ်ဦးချင်း  ဆုတံဆိပ် များနှင့်    ဂုဏ်ပြုကတ်ပြားများ     ပေးအပ်ချီးမြှင့်သည်။
အလားတူ     တိုင်းဒေသကြီး ကျောင်းသား အားကစားပွဲတော် အမျိုးသား၊   အမျိုးသမီး  ဘော်လီ ဘောပြိုင်ပွဲကို    လသာမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌  လည်းကောင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို   အလုံမြို့နယ်    အမှတ်(၄)အခြေခံပညာ          အထက်တန်း ကျောင်းတို့၌     လည်းကောင်း ယှဉ်ပြိုင်ကြကြောင်း သိရသည်။
   ဆန်းကျော်ဦး (ပြန်/ဆက်)