ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ထမ်းပေါင်းစုံ သမဝါယမအသင်းစု နှစ်ပတ်လည် စည်း‌ဝေး

 

ရန်ကုန်    ဩဂုတ်   ၁၃


ရန်ကုန်တိုင်းဒေသကြီး        အစိုးရဝန်ထမ်း ပေါင်းစုံသမဝါယမအသင်းစု     လီမိတက်၏ ၂၀၂၀-၂၀၂၁ ခုနှစ်နှင့်   ၂၀၂၁ ခုနှစ် အောက်တိုဘာ  မှ၂၀၂၂ခုနှစ်  မတ်လအထိ ခြောက်လကာလ အတွက်         နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်က  ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ   Hood    ခန်းမ၌ ကျင်းပသည်။  အစည်းအဝေးသို့ ခရိုင်လေးခုမှ အသင်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သည့်    ဧည့်သည်တော်များ  တက်ရောက်ပြီး အစည်းအဝေးတွင်  ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ်  အစီရင်ခံစာတို့ကို ဖတ်ကြား တင်သွင်းအတည်ပြုကာ  အသင်းဝင်အသင်း များသို့ အစုပေါ်အမြတ်ငွေကျပ် ၄၇သိန်းကျော် ပေးအပ်ကြောင်း သိရသည်။    

အာကာလင်း