ရန်ကုန်တိုင်း​ဒေသကြီး မြို့နယ်  ၁၈ မြို့နယ်ရှိ ဆန်လက်လီဆိုင် ၅၈ ဆိုင်တွင် ယခုလလယ်မှ စတင်ကာ ဧည့်မထဆန် တစ်ပြည်လျှင် သက်သာသောစျေးနှုန်း ကျပ်သုံးထောင့်သုံးရာဖြင့် တစ်ပတ် သုံးရက် ရောင်းချပေးမည်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၄


ရန်ကုန်တိုင်းဒေသကြီးအတွင်း    မြို့နယ်  ၁၈  မြို့နယ်ရှိအသင်းဝင် ဆန်လက်လီဆိုင် ၅၈ ဆိုင်တွင် ဧည့်မထဆန်တစ်ပြည်လျှင် သက်သာ သော စျေးနှုန်းငွေကျပ် ၃၃၀၀ နှုန်းဖြင့် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင်  ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ  ဆန်စပါးကုန်သည်များအသင်းက အသိပေး ထားသည်။


ဆန်လက်လီရောင်းချပေးမည့်မြို့နယ်များမှာ  လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊    တောင်ဒဂုံမြို့နယ်၊    မြောက်ဥက္ကလာမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊  အရှေ့ဒဂုံမြို့နယ်၊   မှော်ဘီ မြို့နယ်၊  သင်္ဃန်းကျွန်းမြို့နယ်၊  ပုဇွန်တောင်မြို့နယ်၊ သာကေတ မြို့နယ်၊  ဒေါပုံမြို့နယ်၊  ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံ မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊  မင်္ဂလာဒုံမြို့နယ်နှင့်   အင်းစိန် မြို့နယ်တို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


MT