
ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက အမှာ စကားပြောကြားသည်။
ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီး ဥပဒေ အကြံပေး ဦးထွန်းထွန်းဝင်း၊ ရုပ်သေးပညာရှင် ဦးရွှေကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။
ယင်းနောက် အနုပညာရှင်များက “ပေါင်းစုဆင်နွှဲ ခရိုင်ညီနောင်အောင်ပွဲ” သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင်ပညာဌာန မှ ရုပ်သေးနည်းပြပညာရှင် ရွှေတံဆိပ်ဆု ငါးဆုရှင် ဦးအောင်သန်းဝင်းနှင့် ရွှေတံဆိပ်ဆု ၁၉ ဆုရှင် ဒေါ်မေဝင်းသူတို့က ရုပ်သေးနှစ်ပါးသွားအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးမှ သူဌေးဝါဒသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုကို လည်းကောင်း၊ တစ်ပင်တိုင်မင်းသား အကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြ ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုပန်းခြင်းတို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အလိုက် သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကြသည်၊၊
ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကို ယနေ့ ညနေ ၄ နာရီတွင် အဆိုပါဘက်စုံခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီး တို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင် များ၊ မိသားစုဝင်များနှင့် အနုပညာချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်။
ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲတွင် ဘာသာရပ်အလိုက် အကဲဖြတ် ပေးကြသည့် ဒိုင်အဖွဲ့များနှင့် ပံ့ပိုးကူညီအကြံပြု သူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်၊၊
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိ သူများက အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့်၊ ဘာသာရပ်အလိုက် ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုချီးမြှင့်ပေးအပ်ကြပြီး ဆုရရှိကြသူများ၏ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်၊၊
ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲတွင် မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် ဆုတံဆိပ်အများဆုံးရရှိသော သန်လျင်မြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်ပြီး ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို သန်လျင်မြို့နယ် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ယှဉ်ပြိုင်ကျင်းပရာ အဆိုပြိုင်ပွဲတွင် ၃၉ ဦး၊ အကပြိုင်ပွဲတွင် သုံးဦး၊ အရေးပြိုင်ပွဲတွင် သုံးဦးနှင့် အတီးပြိုင်ပွဲတွင် ၁၀ ဦး၊ ကွက်စိပ်ပြိုင်ပွဲ တွင် နှစ်ဦး စုစုပေါင်း ၅၇ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်