ရန်ကုန်ပြည်သူ့ရင်ပြင်သင်္ကြန် ထူးထူးခြားခြား ပျော်ပွဲရွှင်ပွဲ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပါဝင်မည်

 

ရန်ကုန်   မတ်    ၂၃ 


၁၃၈၄ ခုနှစ်  ရန်ကုန်မဟာသင်္ကြန်ပွဲကျင်းပမည့်    ပြည်သူ့ ရင်ပြင်၌    ရန်ကုန်တိုင်းဒေသကြီး  မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊   ဌာနဆိုင်ရာ မဏ္ဍပ် ၁၀ ခုနှင့် လမ်းလျှောက်သင်္ကြန်များ ပါဝင် မည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး  မဟာသင်္ကြန်ပွဲတော်  ကျင်းပရေးကော်မတီမှ သိရသည်။ 

 


ရန်ကုန်တိုင်းဒေသကြီး    မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် က “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မိဘပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာ  ရေကစားနိုင်ဖို့အတွက်       ရန်ကုန်တိုင်း ဒေသကြီး  အစိုးရအဖွဲ့က ဦးဆောင်ပြီး နှစ်စဉ် အစဉ်အလာ မပျက် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပြင် ဒီနှစ်မှာတော့ ထူးထူးခြားခြား  ပြည်သူ့ရင်ပြင်မှာပါ   မဟာသင်္ကြန်မဏ္ဍပ် ထိုးပြီး ရေကစားမဏ္ဍပ်တွေရော ပျော်ပွဲရွှင်ပွဲတွေပါ  အားလုံး စီစဉ်ထားရှိပါတယ်၊၊  ပြည်သူ့ရင်ပြင်မှာတော့   အခုနှစ်မှာ ဗဟိုမဏ္ဍပ်ကြီးတစ်ခုရယ်၊   ဌာနဆိုင်ရာမဏ္ဍပ် ၁၀ ခုလည်း ပါပါတယ်၊၊ သင်္ကြန် မဏ္ဍပ်ကိုတော့     ဂီတပညာရှင်တွေ၊   အနုပညာရှင်တွေ အများကြီးနဲ့     မိဘပြည်သူတွေ   ပျော်ရွှင်အောင် ကျင်းပပေးမှာ ဖြစ်ပါတယ်”  ဟု ပြောသည်။

 


မြို့တော်ခန်းမ၌ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင် များက  ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး  အခြေခံပညာ အဆင့်   ကျောင်းသား    ကျောင်းသူများအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်   ၄၅ မြို့နယ်မှ အကအလှအဖွဲ့များ၊ ယိမ်းအဖွဲ့များလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။  ထို့ပြင်  ပြည်သူ့ ရင်ပြင်၌ ရေပန်းများလွှတ်ပြီး  စတိတ်ရှိုးနှင့်အတူ မိဘပြည်သူများ  ပျော်ရွှင်စွာ  ရေကစားနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိမည်ဖြစ်သည်။ ထို့အတူ ရန်ကုန်တိုင်း အတွင်းရှိ ခရိုင် ၁၄ ခရိုင်နှင့်  မြို့နယ် ၄၅  ခုတွင်လည်း အကအလှပြိုင်ပွဲများ၊    ရေကစားမဏ္ဍပ်များဖြင့်   ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 


“ကျွန်တော်တို့က          မနှစ်တုန်းကလည်း လမ်းလျှောက်သင်္ကြန်ကို        ဆောင်ရွက်ခဲ့ပါတယ်၊၊ မြို့တော်ခန်းမရဲ့ရှေ့      ပန်းခြံကြီးရဲ့     ဘေးမှာပါ၊၊ လွတ်လွတ်လပ်လပ်နဲ့   လမ်းလျှောက်သင်္ကြန်ပွဲကို ဆောင်ရွက်ခဲ့ပါတယ်၊၊  စတိတ်ရှိုးနဲ့ မိဘပြည်သူတွေ ပျော်ရွှင်စွာ  ရေကစားနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါ တယ်၊၊     ဒီနှစ်မှာလည်း   မြို့တော်ခန်းမ    မဏ္ဍပ်ရဲ့ ဘေးမှာ    လမ်းလျှောက်သင်္ကြန်      ပါမှာဖြစ်သလို ပြည်သူ့ရင်ပြင်ထဲမှာလည်း      ရင်ပြင်တစ်ပတ်လုံး ပတ်ပြီးတော့ လမ်းလျှောက်သင်္ကြန်အဖြစ် ကျွန်တော် တို့     ဆောင်ရွက်ထားပါတယ်၊၊   မဏ္ဍပ်တစ်ခုမှာ ရေပက်တဲ့ပိုက်တွေ   ၅၀  ကျော်နဲ့  မဏ္ဍပ်  ၁၀   ခုမှာ တင်ပဲ   ရေပက်ပိုက်များစွာပါပြီးတော့   ဗဟိုမဏ္ဍပ် ကြီးရဲ့ ဝဲယာမှာလည်း ရေပက်မဏ္ဍပ်တွေ တည်ဆောက် ထားပါတယ်၊၊      ရေပြတ်လပ်မှုမရှိဖို့နဲ့       ရေကို လုံလောက်စွာနဲ့    ပျော်ရွှင်စွာကစားနိုင်ဖို့     ရန်ကုန် မြို့တော်   စည်ပင်သာယာရေးကော်မတီက  အထူး ဆောင်ရွက်ထားပါတယ်၊၊ သင်္ကြန်ရက်တွေ အားလုံး မှာ   စတုဒိသာလည်း     ကျွေးမွေးလှူဒါန်းမှာ   ဖြစ်ပါ တယ်” ဟု ဦးဌေးအောင်က ဆက်ပြောသည်။

 


ရေကစားမဏ္ဍပ်များ   တည်ဆောက်လိုသူများအနေ ဖြင့်   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွင်  ရေကစားမဏ္ဍပ်များ    လာရောက်လျှောက်ထား လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် မိဘပြည်သူများ စိတ်ချမ်းမြေ့စွာ   မဟာသင်္ကြန် တွင်  ပျော်ရွှင်စွာ  ရေကစားနိုင်ရန်    ခွင့်ပြုပေးလျက်ရှိ ကြောင်း၊   ပြည်သူ့ရင်ပြင်ရှိ   ဗဟို မဏ္ဍပ်တည်ဆောက် မှုသည်  ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့်   ရေ ကစားချိန်ကို  နံနက်  ၉  နာရီမှ   မွန်းတည့် ၁၂ နာရီ နှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီ အထိ သတ်မှတ် ထားကြောင်း သိရသည်။    

 

တင်စိုး(မြန်မာ့အလင်း)