ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

 

နေပြည်တော်   ဧပြီ   ၃၀


ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌  ဧပြီ   ၁၄ ရက်တွင်   လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသော      လက်အား     ပြန်လည်ဆက်ပေးသည့်  ခွဲစိတ်ကုသမှုကို အောင်မြင်စွာ         ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

 


လူနာမှာ    ရန်ကုန်တိုင်းဒေသကြီး    ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့်      ငါဖမ်းလုပ်ငန်း  လုပ်ကိုင်သူဖြစ်ပြီး  ဧပြီ ၁၄ ရက် မွန်းလွဲ    ၃  နာရီတွင်    ဓားဖြင့် ခုတ်ခံရခြင်းကြောင့်    ဘယ်ဘက်လက် ၏        လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့်     ဒဏ်ရာ    (Amputated   Left    Forearm)    ဖြင့် ရန်ကုန်   ပြည်သူ့ဆေးရုံကြီးသို့  အဆိုပါနေ့     ညနေပိုင်းတွင် ပြတ်တောက်သွားသော လက်နှင့် အတူ ရောက်ရှိလာရာ သက်ဆိုင် ရာ    ဆရာဝန်များ၊  သူနာပြုများ နှင့်     ကျန်းမာရေးဝန်ထမ်းများက      လိုအပ်သော အရေးပေါ်ပြုစု ကုသ မှုများ ပြုလုပ်ပေးခြင်း၊  လက်ပိုင်း ဆိုင်ရာခွဲစိတ်ကုသမှု  အထူးကု  ဆရာဝန်ကြီးများထံ   အချိန်နှင့် တစ်ပြေးညီ       ဆက်သွယ်ပြီး ပြတ်တောက်သွားသော   လက် ပြန်လည်  ဆက်နိုင်ရေးအတွက်    လိုအပ်သော စမ်းသပ်စစ်ဆေးမှု များ     ပြုလုပ်၍   အရေးပေါ်           ခွဲစိတ်ခန်းဝင်ရန်      ပြင်ဆင်ခဲ့ ကြောင်း။

 


ခွဲစိတ်ကုသမှုကို         ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ    လက်ပိုင်း ဆိုင်ရာခွဲစိတ်ကုသမှု          ပါရဂူဘွဲ့ သင်တန်းသား         ဒေါက်တာ ဖြိုးမောင်မောင်    ဦးဆောင်သည့် လက်ထောက်   ဆရာဝန်(အရိုး) ဒေါက်တာမောင်မောင်လွင်၊  ဆေး ပညာဘွဲ့လွန် (အရိုး)   သင်တန်း သား ဒေါက်တာမင်းသူ၊ ဒေါက်တာ ဟိန်းပြည့်အောင်၊ မေ့ဆေးအထူး ကု   ဆရာဝန်  ဒေါက်တာထွန်း ထွန်းနိုင်နှင့် အထက်တန်းသူနာပြု ဒေါ်မေသူရတို့  ပါဝင်သောအဖွဲ့က ဧပြီ ၁၄ ရက် ည ၇နာရီ မိနစ် ၅၀ မှ စတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၅ ရက် နံနက်  ၁ နာရီခွဲတွင် ခွဲစိတ် ကုသမှုပြီးဆုံးခဲ့ကြောင်း     သိရ သည်။ 

 


အဆိုပါ    လူနာ၏  လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြော များ       ဖြည်းဖြည်းချင်း   ပြန်လည် လှည့်ပတ်စီးဆင်းလာပြီး  ဧပြီ ၂၅ ရက်မှစတင်၍    အကြောအဆစ် ရောဂါကု   ပညာဌာန   ပြင်ပလူနာ ဌာနတွင်        လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး   ဧပြီ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်သည်။

 


ဤကဲ့သို့ ပြတ်တောက်သွား သောလက်ကို ပြန်လည်ဆက်ပေး သည့် ခွဲစိတ်ကုသမှုဆောင်ရွက်နိုင် ရန်    ဦးစွာပြတ်တောက်သွား သည့်  လက်ကို  Normal Saline (သို့မဟုတ်)   ရေကျက်အေးနှင့် ဆေးကြောရမည်။   ထိုသို့  ဆေး ကြောသန့်စင်ပြီးပါက   သန့်ရှင်း သည့်    ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရမည်။     (ဖြစ်နိုင်ပါက ပလတ်စတစ်       အိတ်ထဲတွင် Normal  Saline  စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစအကြီး ဖြင့်စည်း၍   ထည့်ပေးပါ)။   ထို့ နောက်    ရေခဲပုံးထဲသို့    ထည့်၍ ဆေးရုံသို့    သယ်ဆောင်လာရမည် ဖြစ်ကြောင်း၊    လက်စတင်ပြတ် တောက်သည့်     အချိန်မှ     ၄  (သို့မဟုတ်)  ၆ နာရီအတွင်း လက် ပိုင်းဆိုင်ရာခွဲစိတ်ကုသမှု  အထူးကု ဆရာဝန်ကြီးများရှိရာဆေးရုံကြီးများသို့ ရောက်ရှိပါက  အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်