ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်

 

၁။    ၂၀၂၀ ပြည့်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး  ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိ အထူးပြု ဘာသာရပ်အသီးသီးတွင်  ဝင်ခွင့်ရရှိပြီးသူများ၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အချက်အလက်ပြည့်စုံမှု မရှိသဖြင့် ယာယီ ဆိုင်းငံ့ခြင်းခံထားရသူများ၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့ခြင်းမရှိသေးသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုပါက ၂၀၂၂  ခုနှစ်၊ မေလ(၁၆) ရက်နေ့ (နောက်ဆုံးထား၍) ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန (ဥက္က၊ တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့)၊ နေပြည်တော်သို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။ 


၂။    လျှောက်လွှာကို အောက်ဖော်ပြပါ Link များတွင် Download ရယူ၍လျှောက်ထားနိုင်ပါသည်။ 


https://drive.google.com/file/d/1AKBbfvqyGqrg7X2aOOmWVFYU5mBjF01y/view? usp= sharing
သို့မဟုတ်
https://tinyurl.com/y2bnnhs4
အဆင့်မြင့်ပညာဦးစီးဌာန