ရန်ကုန်ပညာရေးတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

ရန်ကုန်  ဇူလိုင်   ၁၅


(၇၅)  နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  ဟောပြောပွဲနှင့် စာစီစာကုံး၊  ကဗျာ၊  ဆောင်းပါး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကို   ဇူလိုင်  ၁၅ ရက်တွင် ရန်ကုန် ပညာရေးတက္ကသိုလ်  Learning Hub ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီ တွင် ကျင်းပသည်။

 


အဆိုပါ     အခမ်းအနားသို့ ရန်ကုန်ပညာရေး  တက္ကသိုလ်မှ ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခ ချုပ်များ၊  ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများ၊   တွဲဖက်ပါမောက္ခ များ၊        မော်ကွန်းထိန်းများ၊ အဆောင်မှူးများနှင့် ကျောင်းသား ကျောင်းသူများ  တက်ရောက်ကြ သည်။ 

 


ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ်       ဒေါက်တာ ကေသွယ်လှိုင်က အာဇာနည်နေ့ နှင့်ပတ်သက်သည့် သိကောင်းစရာ များ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက်  အသက်ပေးရယူသွားခဲ့ သော     ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲအမှတ်ရစေ ရန် ပြောကြားပြီး မြန်မာစာဌာနမှ            ပါမောက္ခ   (ဌာနမှူး)     ဒေါက်တာ မူယာက အာဇာနည်နေ့   ဖြစ်ပေါ် လာပုံနှင့်     အာဇာနည်ကိုးဦး၏  သမိုင်း ကြောင်းကို      ကျောင်းသား ကျောင်းသူများ    သိရှိအတုယူ စေရန်             ရှင်းလင်းပြောကြား သည်။

 


ယင်းနောက်   ရန်ကုန်ပညာ ရေးတက္ကသိုလ် ပါမောက္ခချုပ်က (၇၅)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်        စာစီစာကုံး၊  ကဗျာ၊      ဆောင်းပါးပြိုင်ပွဲတွင်  (ပထမဆု၊ ဒုတိယဆု၊ တတိယဆု)          ရရှိခဲ့သည့်        ကျောင်းသား   ကျောင်းသူများကို ဆုများ      ချီးမြှင့်ခဲ့ကြောင်းနှင့်  မှတ်တမ်း ဓာတ်ပုံများ  ရိုက်ကူးခဲ့ကြောင်း သိရသည်။

              
 သတင်းစဉ်