ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အသစ်ခန့်အပ်သည့်  နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအားကြိုဆို

 

ရန်ကုန်   နိုဝင်ဘာ  ၈


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အသစ်ခန့်အပ်ခဲ့သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ကြိုဆိုပွဲနှင့်   မွမ်းမံသင်တန်းဖွင့်ပွဲကို   LRC ဆောင် မြေညီထပ်၊ Multimedia Room ၌ ယနေ့ နံနက် ၉ နာရီခွဲတွင်  ကိုဗစ်-၁၉   စည်းကမ်းချက်များနှင့်အညီ   ကျင်းပရာ   ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။
ဆက်လက်၍   မွမ်းမံသင်တန်းကို   ဆက်လက်ပို့ချရာ   ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က တက္ကသိုလ်၏ ဖွဲ့စည်းပုံနှင့် ရည်မှန်းချက်များ၊ စီမံရေးရာနှင့် သင်တန်း ရေးရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို လည်းကောင်း၊   ဒုတိယ ပါမောက္ခချုပ်(စီမံ)  ဒေါက်တာ မင်းမင်းရီက Change Management ခေါင်းစဉ်ဖြင့် လည်းကောင်း သင်ကြားပို့ချကြသည်။  မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ဘာသာရပ်ဌာနများ၌ သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး များက ဆက်လက်ပို့ချခဲ့ကြသည်။
သင်တန်းကာလမှာ  ရက်သတ္တလေးပတ်  ကြာမြင့်မည်ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် စီမံရေးရာဌာနမှ ဌာနခွဲမှူးများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆက်လက်သင်ကြား ပို့ချကြမည်ဖြစ်ကြောင်း သိရသည်။                         မြန်မာ့အလင်း