
ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်း နာနတ် တော စည်ပင်ရဲအိမ်ရာဝင်း၌ ကုန်စိမ်းများ၊ မီးဖိုချောင် သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာဝင်း အတွင်း ရွေ့လျားဈေးကား ရောင်းချနေမှုကိုလည်း ကောင်း ကြည့်ရှုအားပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ကျောက်တံတားမြို့နယ် အိန္ဒိယ သံရုံး ပတ်ဝန်းကျင်၌ ရေမြောင်းများအတွင်း အမှိုက် နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ဖြတ်မြောင်းနှာပေါက်များအတွင်းမှ သဲ၊ ခဲများ ရှင်းလင်းနေမှု၊ ဘေးပတ်ဝန်းကျင်ရှိတိုက်များမှ တွယ်ကပ်သစ်ပင်များ ခုတ်ထွင် ရှင်းလင်းနေမှု၊ လမ်းဘေးဝဲ/ယာ ပလက်ဖောင်းကို ရေသယ်ယာဉ်ဖြင့် ရေဆေးသန့်စင်နေမှု၊ ရေညှိများ ခြစ်ထုတ်နေမှုနှင့် လမ်းဘေးသစ်ပင်များ ပုံသွင်းဖြတ်ညှိနေမှုကိုလည်း ကောင်း၊ ကမ်းနားလမ်း အမှတ်(၁၀) မြစ်ထွက်ပေါက် ရေထိန်းတံခါး ရေစီးရေလာကောင်းမွန်ရေး ဆောင် ရွက်နေမှုနှင့် မဟာဗန္ဓုလပန်းခြံအတွင်း စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
လက်ခံရယူ
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံမြို့နယ် အမှတ်(၁၂) စကားဝါလမ်းရှိ တိပိဋကနိကာယကျောင်းတိုက်တွင် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ အသုံးပြုနိုင်ရန် အောက်ဆီဂျင် လီတာ ၄၀ အိုး ၁၅ လုံးနှင့် Oxygen Regulator ခုနစ်ခုတို့ကို လှူဒါန်းရာ ကျောင်းတိုက် ဆရာတော် တိပိဋကဓရ ဘဒ္ဒန္တပညာသိရီလင်္ကာရက လက်ခံရယူသည်။
ထို့နောက် ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ တောင်ဘက်မုခ် ကွပ်ကဲရေးဆောင်သို့ အောက်ဆီဂျင် လီတာ ၄၀ အိုး ငါးလုံးနှင့် Oxygen Regulator သုံးခုတို့ကို လှူဒါန်းရာ ရွှေတိဂုံစေတီ တော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းနှင့် ဦးအမ်းယုမောင်တို့က လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်