
ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်ရှိ သဒ္ဒါရုံ/မင်းနန္ဒာအိမ်ရာဝင်း၌ ရွေ့လျား ဈေးကား(Mobile Market) စနစ် ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ရောင်းချ နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့ သည် သဒ္ဒါရုံလမ်းနှင့် သစ္စာလမ်း လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ အတွင်း အမှိုက်များ၊ မြောင်းချေး များ ဆယ်ယူရှင်းလင်းနေမှု၊ အမှတ်(၁) မိတ္တဗလမြစ် ထွက်ပေါက်မှတစ်ဆင့် ပုဇွန်တောင် ချောင်းအတွင်း စီးဝင်သော ဇောတာ ရုံလမ်း မြောင်းတစ်လျှောက် Excavator ယာဉ်ဖြင့် တူးဖော် ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများ၏ အကိုင်းအခက်များ ပုံသွင်း ခုတ်ထွင်နေမှု၊ မြက်ပင်များ ရှင်းလင်းနေမှု၊ ရပ်ကွက်အတွင်း လမ်းများတစ်လျှောက် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေ မှုတို့ကိုလည်းကောင်း။
ဒေါပုံမြို့နယ် ရှုခင်းသာလမ်းမ ကြီးပေါ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းနှင့် ကျောင်းရှေ့ရှိ မြက်ပင်နှင့် ချုံနွယ် များ ဖယ်ရှားရှင်းလင်းနေမှု၊ မဟာ ဗန္ဓုလတံတားအဆင်း လမ်းဘေး ရေမြောင်းများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ဆယ်ယူနေမှု တို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှထုတ်ဝေ သည့် အသိပညာပေး ဗီနိုင်းပိုစတာ များကို ဒေါပုံမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်