
ရန်ကုန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာ အုပ်စု ဘုရားကြီးစုကျေးရွာ ဒလရေသန့်စင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းနေရာသို့ ရောက်ရှိရာ အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ဘုရားကြီးအနီး မြေ ဧရိယာ ၁၉ ဒသမ ၈၄ ဧကတွင် တွံတေးတူးမြောင်းမှ ရေကိုရယူမည့် ရေယူအဆောက်အအုံ၊ သဲရေစစ်ကန်၊ ရေစုကန်၊ ရေသန့်စင်စက်ရုံများ တည်ဆောက်ရန် အတွက် မြေသားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တွံတေး-ဒလကားလမ်းမှ ဘုရားကြီးအထိ အရှည် ပေ ၉၅၀၀ မြေသားလမ်း တိုးချဲ့ခြင်းနှင့် ကွန်ကရစ် လမ်းခင်းကျင်းနေမှုလုပ်ငန်းများကို ရှင်းလင်း တင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြား သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်ပေါက်ကျေးရွာအနီး ရန်ကုန်ပေါက်ရေပေး ဝေရေးစခန်းအတွင်း ရေတွန်းစက်ရုံ၊ ရေစုကန်၊ အဝီစိတွင်း၊ ရေချိုတွင်းများ၊ ဝန်ထမ်းလိုင်းခန်းနှင့် Nano Filter ဖြင့် ရေသန့်စင်မှုစနစ် စမ်းသပ်တပ်ဆင် သုတေသနဆောင်ရွက်ရန် အဆောက်အအုံ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ တွံတေး-ဒလ ကားလမ်းမပေါ်ရှိ တာကြီးကျေးရွာအနီး မြေဧရိယာ ၂ ဒသမ ၂ ဧကတွင် ရေပေးဝေရေးဇုန်(၁၀)၏ ရေဂါလန် သုံးသန်းဆံ့ ရေစုကန်တည်ဆောက်ရေး စီမံကိန်းမြေသားလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စျေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန ကမာကဆစ်စျေးတွင် ပြည်သူလုထု အတွင်း ကိုဗစ်-၁၉ ရောဂါကင်းစင်စေရေးအတွက် လူသွားလူလာထူထပ်သည့်နေရာများတွင် ချိတ်ဆွဲ စိုက်ထူနိုင်ရန် အသိပညာပေးဗီနိုင်းပိုစတာများနှင့် နှာခေါင်းစည်းများကို တောင်ပိုင်းခရိုင် စည်ပင် သာယာအုပ်ချုပ်ရေးမှူးနှင့် ဒလမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး ကုန်စျေးနှုန်းအခြေအနေနှင့် ရောင်းဝယ်ဖောက်ကား နေမှုကိုလည်းကောင်း၊ ဒလရေပေးဝေရေးလုပ်ငန်း အတွက် ဒလ-တွံတေးလမ်းတစ်လျှောက် 630 mm HDPE Pipe ဆက်သွယ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဒလမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ စည်ပင်ဝန်ထမ်းများ အနေဖြင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်နေရ ခြင်းကြောင့် ကျန်းမာရေးနှင့်လုံခြုံရေးအား ဂရုစိုက်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်