
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့ နယ် ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်ဦးအနီးတွင် ပြုလုပ်ထားသည့် Taxi Stand အား သွားရောက်ကြည့်ရှု၍ ယာဉ် အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွား များ သက်သောင့်သက်သာ စောင့် ဆိုင်းနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ရန် မှာကြားသည်။
အငှားယာဉ်စနစ်တကျ
ရပ်တန့်ရေး
ရန်ကုန်မြို့သည် ယာဉ်သွားလာမှုကျပ်တည်းသည့်အလျောက် ယာဉ်သွားလာမှု အနှောင့်အယှက် မဖြစ်စေရေးနှင့် Taxi အငှားယာဉ် များ စနစ်တကျ ရပ်တန့်နိုင်ရေး အတွက် Taxi Stand များထား ရှိခြင်းဖြစ်ရာ ရန်ကုန်မြို့အနှံ့ အပြား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ငမိုးရိပ် ချောင်းကူး သာကေတတံတား ဟောင်းသို့ သွားရောက်ကာ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ သည့် Linear Park တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေး၍ ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်း များအား စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားသည်။
မြေယာရှုခင်း ပြုပြင်ခြင်း
အဆိုပါ Linear Park တွင် အလျား ၁၇၈၁ ပေ၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ်စက်ဘီးလမ်း၊ စက်ဘီးလမ်း၏ တစ်ဖက် တစ်ချက်စီတွင် အကျယ် ၃ ပေရှိ ပန်းခုံနှင့် အကျယ် ၉ ပေရှိ Granite ကျောက်ပြားခင်း လူသွားလမ်း၊ တံတားအတက် အဆင်းတွင် ကြွေပြားခင်း လှေကားနှင့် အုတ်ခုံတန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အင်ဂျင် နီယာလုပ်ငန်းများအား လမ်း တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့က တာဝန်ယူဆောင်ရွက် လျက်ရှိပြီး မြေယာရှုခင်း ပြုပြင် ခြင်းအတွက် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အချက်အချာကျသည့် လမ်းဖြစ်
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကွမ်းအပ် မင်းသားလမ်းနှင့် မင်းရဲကောင်း ပုံလမ်းကြား ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းခွင်သို့ သွား ရောက်၍ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းရေးတို့အတွက် မှာကြားသည်။ ယခု ကွန်ကရစ် လမ်းသား တိုးချဲ့မှုမှာ မူလအရှည် ၄၇၄ ပေ၊ အကျယ်၂၅ ပေ လမ်းပိုင်း အားအကျယ် ၂၅ ပေ ထပ်မံတိုးချဲ့ ခြင်း ဖြစ်ပြီး ဧရာဝဏ်လမ်းသည် သန်လျင်အမှတ် (၂) တံတား၊ ပဲခူး မြစ်လမ်း၊ မောင်းမကန်ကမ်းသာ လမ်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်၊ အမှတ် (၂) လမ်းမကြီး များသို့ ဆက်သွယ်ထားသော ကုန်စည်ပို့ဆောင်ရေး အချက် အချာကျသည့်လမ်းဖြစ်ပြီး ယခု တိုးချဲ့သည့် လမ်းပိုင်းမှာ မူလ လမ်းကျယ်မှ ကျဉ်းသွားသော Bottle Neck နေရာ ဖြစ်ခြင်း ကြောင့် တိုးချဲ့ရခြင်း ဖြစ်ကြောင်း၊ လမ်း၊ တံတားဆိုင်ရာ လုပ်ငန်း တာဝန်ခံ အဖွဲ့အနေဖြင့် ရန်ကုန် မြို့ပေါ် လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးအတွက် Bottle Neck နေရာများကို ပြုပြင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ပြည်သူကို ဝန်ဆောင်မှုပေး
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ချိန်မှစ၍ ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် တို့ကို ပြည်သူအားလုံး သိရှိ မှတ်သားထားရမည်ဖြစ်၍သတင်း နားထောင်၊ သတင်းစာဖတ်ကြရန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ် သဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် ဝန်ထမ်းများ အနေဖြင့် မိမိအလုပ် မိမိလုပ်ကြ ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်