
ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူ ယနေ့နံနက်ပိုင်းက ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံသို့သွားရောက်၍ စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထား မှုများနှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတ မြို့နယ် အမှတ် (၆) ရပ်ကွက် မြင်တော်သာလမ်းဘေး တွင် ရေအရည်အသွေးစစ်ဆေးရေး ပင်မဓာတ်ခွဲခန်း အဆောက်အအုံဆောက်လုပ်ရန်အတွက် မင်္ဂလာ Pile ရိုက်ခြင်းအခမ်းအနားသို့ တက်ရောက်၍ မြို့တော် ဝန်၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီ ဝင်များနှင့် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မင်္ဂလာအမွှေးနံ့သာရည်ပက်ဖျန်းပေး ပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့် မင်္ဂလာ Pile အား ရိုက်သွင်းကာ ရွှေမိုး၊ ငွေမိုးရွာသွန်းပေးသည်။
အဆိုပါအဆောက်အအုံမှာ သုံးထပ် အဆောက် အအုံဖြစ်ပြီး မြေညီထပ်တွင် ဓာတ်ခွဲခန်းများ၊ ပထမ ထပ်တွင် ဓာတ်ခွဲခန်းနှင့် ရုံးခန်း၊ ဒုတိယထပ်တွင် အစည်းအဝေးခန်းနှင့် ရုံးခန်းများ ပါဝင်မည်ဖြစ် ကြောင်း၊ အဆိုပါဓာတ်ခွဲခန်းမှ သောက်သုံးရေ များအတွက် Parameter ၂၉ မျိုးနှင့် ရေဆိုးအတွက် Parameter ၁၃ မျိုးကို စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းအဆောက်အအုံအား ISO Standard နှင့်အညီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်း မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသည့် e-Government Appiled Training အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်း သူ ၂၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်