ရန်ကုန်မြို့တော်ဝန် မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

 

ရန်ကုန်    ဖေဖော်ဝါရီ   ၂၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်  တာဝန်ရှိသူများနှင့် အတူ   ယနေ့နံနက်ပိုင်းက    ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်အကြား ဘုရင့်နောင်လမ်းမပေါ်ရှိ ကမာ ရွတ်ချောင်း ရေစီးရေလာကောင်းစေရန် ရှင်းလင်းနေ မှုကို ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်း ရေဆင်း မြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ချောင်းကမ်းတစ်လျှောက် မြေညှိရန် မှာကြားသည်။ 
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ကမာ ရွတ်မြို့နယ် ဘုရင့်နောင်လမ်းနှင့်   လှိုင်မြစ်လမ်း ထောင့်ရှိ ဘုရင့်နောင်လမ်း ရေနုတ်မြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု ကို လည်းကောင်း၊ ကမာရွတ်မြို့နယ် ရန်ကုန်စီးပွား ရေးတက္ကသိုလ် မာလာဆောင်ရှေ့ ယုဒဿန်ဘုရား ရှိခိုးကျောင်းဝင်ပေါက်ရှေ့မှ  အင်းလျားလမ်းဆုံထိ ခြံစည်းရိုးနှင့်   လူသွားစင်္ကြံအကြား   မြေယာရှုခင်း ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ မရမ်းကုန်းမြို့ နယ် ပါရမီလမ်းနှင့် ပြည်လမ်းထောင့်အနီး အင်းလျား ကန်၌ မြေထိန်းနံရံတည်ဆောက်နေမှုကို   လည်း ကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းဘေးဝဲယာ မြေညှိခြင်း၊ ရေဖျန်းခြင်း၊  သဲနှင့် ဖွဲများထည့်၍   မြက်စိုက်ခြင်းလုပ်ငန်းများ၊   လမ်း တစ်လျှောက်     စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းပွဲရုံနှင့်   ကုန်တင်ယာဉ်ရပ်နား စခန်းရှေ့  ပြည်လမ်းမြောင်းတစ်လျှောက်   လည်း ကောင်း၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာ ကန် ရေပိုလွှဲ Spill Way ကြမ်းခင်းနှင့် ရေထုတ်မြောင်း မြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှု၊ ကန်ပေါင် တစ်လျှောက် မြက်ခင်း၊ အရိပ်ရပင်၊ ပန်းအလှပင် များစိုက်ပျိုး၍ မြေယာရှုခင်းဆောင်ရွက်နေမှု၊ လူသွား စင်္ကြံစက်ဘီးလမ်းဘေးတွင် ခုံတန်းများ တပ်ဆင် ထားရှိမှုကို   လည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် အမှတ် (၁)တပ်မတော်ဆေးရုံကြီးအတွင်း ကတ္တရာကွန်ကရစ် (AC) ခင်းကျင်းနေမှုကို လည်းကောင်း၊ စမ်းချောင်းမြို့ နယ် ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်း အောင်ချမ်းသာ မြောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ ၎င်းမှ အောင်ချမ်းသာမြောင်းနှင့် တစ်ဆက်တည်း ရှိသည့် ကြည့်မြင်တိုင်မြို့နယ်  ကရင်အမျိုးသား ရပ်ကွက် ဦးလူနီလမ်း ကွင်းချောင်းမြောင်းများအတွင်း Excavator ယန္တရားဖြင့် အမှိုက်များ၊ သဲမြေများနှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို   လည်း ကောင်း    ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားသည်။                                   သတင်းစဉ်