
ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ် အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့် မစိုချောင်း ဘေး လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ရန်ကုန်မြို့တော် ရေပေးဝေမှုဆိုင်ရာ အချက် အလက်များကို လည်းကောင်း၊ Nihon Suido Consultants Co., Ltd မှ တာဝန်ရှိသူက လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို လည်း ကောင်း၊ Authentic ZMG JV မှ တာဝန်ရှိသူက ဒဂုံမြို့သစ် လေးမြို့နယ် ရေပေးဝေရေးလုပ်ငန်း အား လည်းကောင်း ရှင်းလင်း တင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်း ဆောင်၌ကျင်းပသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်၍ ယခုဘဏ္ဍာရေးနှစ်ကုန် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် MCEF မှ အဆောက်အဦ အလုံး ၃၀ နှင့် MLCA မှ အဆောက်အဦ ၁၀ လုံး ပြီးစီးရေးဆောင်ရွက် သွားရန်၊ MCEF မှ ၄၆ ရာခိုင်နှုန်း၊ MLCA မှ ၃၃ ရာခိုင်နှုန်းသာ ပြီးစီး သည်ကို တွေ့ရသဖြင့် လုပ်ငန်း တိုးတက်မှုမရှိသည့် ကုမ္ပဏီများ အား ခေါ်ယူညှိနှိုင်းပြီး တွန်းအား ပေးဆောင်ရွက်စေရန်၊ စီမံကိန်း ဝင်း Landscaping အတွက် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရန်၊ စီမံကိန်းဧရိယာ ခြံစည်းရိုးကာရံ ရန်နှင့် အိမ်ခန်းများ အငှားချပြီး ချိန်တွင် ဆောင်ရွက်ရမည့် စီမံ ခန့်ခွဲရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ထားရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၁၁ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာသို့ သွား ရောက်၍ ပဲခူးမြစ်လမ်း (ကျားကြီး ရေတံခါးနှင့် ဘုရင့်နောင်လမ်း အကြား) အရှည်ပေ ၁၇၉၈၂ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၁၁ လက်မ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်